စစ်တွေမြို့ မီးလောင်မှုဖြစ်ပွားပြီး လူစုရုံး ..
အောက်တိုဘာ ၇၊ ၂၀၁၂၊ YPI
ယနေ့ မွန်းလွဲ ၁နာရီခွဲဝန်းကျင် က စစ်တွေမြို့
ယဉ်ကျေးမှု ပြတိုက်အနီးရှိ မြို့မ ဗလီတွင် မီးခိုးများထွက်ရှိလာပြီးနောက်မကြာမီတွင်ပင်
လုံခြုံရေး တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။ ယင်းအဖြစ်
အပျက်ဖြစ်ပွားပြီးနောက် ယင်းနေရာတ၀ိုက် လူစုဝေးရောက်ရှိခဲ့ပြီး ညနေ ၃ နာရီခွဲ
ဝန်းကျင်ထိ စုရုံးခဲ့ကြကြောင်း စစ်တွေမြို့ခံတဦးက YPI သို့ပြောသည်။
ဗလီတွင်းမှ မီးခိုးများ ထွက်ရှိလာခြင်းနှင့် ပတ်သက်၍ ရှို့မီး ဟုတ်မဟုတ်၊
မည်သူ့လက်ချက် ဖြစ်သည်အစရှိသည်တို့ကို စုံစမ်းဆဲ ဖြစ်ပြီး အတိအကျ
မသိရှိနိုင်သေးကြောင်းလည်း မြို့ခံဖြစ်သူက ပြောသည်။
စစ်တွေမြို့တွင်း တည်းခိုနေသူ ဧည့်သည်တဦးက “မီးသတ်ကားတွေ သွားတာတွေ့လိုက်ရတယ်။
အဲဒီနောက် မြို့ထဲမှာ အသွားအလာ နည်းသွားတာ သတိထားမိတယ်” ဟု
အဖြစ်အပျက်ဖြစ်ပြီးနောက် စစ်တွေမြို့ အခြေအနေကို ပြောပြသည်။
REF: Yangon Press International
No comments:
Post a Comment