07 October, 2012

Voice Of The Day


"စုံစမ်း စစ်ဆေးဖို့ လိုအပ်လို့ သက်ဆိုင်ရာဌာနက ခေါ်သွားရင်တောင် တကယ့် ဥပဒေရဲ့ (Right) အရ သူ့ရှေ့နေ မလာမချင်း ထွက်ဆိုချက် မပေးလို့ ရပါတယ်။ ဒီလို ထွက်ဆိုချက်မပေးတဲ့အတွက် စုံစမ်း စစ်ဆေးရေး အရာရှိက လည်းကောင်း၊ စုံစမ်း စစ်ဆေးရေး ဌာနက သော်လည်းကောင်း၊ ဘယ်နည်းနဲ့မှ တစ်စုံတစ်ရာ နှိပ်စက် ညှဉ်းပန်းခွင့် မရှိပါဘူး။ ဒါက ဥပဒေရဲ့ သဘောပါပဲ" ဟု စီးပွားရေးနှင့် ဥပဒေ လမ်းညွှန် ဦးတင်သန်းဦးက ဆိုသည်။

"ရိုက်နှက် စစ်ဆေးခွင့် မရှိပါဘူး။ ရိုက်နှက်ခံရလို့ ထွက်တဲ့ ဝန်ခံချက်က လည်း တရားရုံးမှာ အမှုမမြောက်ဘူး။ ပြီးတော့ ဖမ်းဆီး ခံရသူ တစ်ဦးကို အဲဒီရဲစခန်းက စားဝတ်နေရေး ကနေ ကျန်းမာရေး ကိစ္စအထိ အားလုံးကို တာဝန်ယူရတယ်။ ရဲတပ်ဖွဲ့ဝင်က မတရားရိုက်နှက်လို့ သေရင် လူသတ်မှု မြောက်ပါတယ်" ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် Messenger သတင်းဂျာနယ်ပါ 'ဖမ်းဆီး စစ်ဆေးစဉ် တရားခံဟု ယူဆသူ အချို့ သေဆုံးရသည့် ဖြစ်စဉ်များ ရှိလာခြင်းကြောင့် သက်ဆိုင်ရာ ရဲဝန်ထမ်းများ အနေဖြင့် ဥပဒေကို လိုက်နာရန် လိုအပ်' သတင်းမှ ကောက်နုတ်ချက်"


REF: The Voice Weekly

No comments:

Post a Comment