တိုင်းရင်းသားပဋိပက္ခများနှင့်ပတ်သက်၍
တရားဝင်ပါဝင်ပတ်သက်ခွင့်မရရှိသေးသည့် အတွက်
ယင်းပြဿနာများဖြေရှင်းမှုအပေါ်မည်သည့်မှတ်ချက်မျှပေးလိုခြင်း
မရှိကြောင်း၊ မှန်ကန်တိကျသည့် သတင်းအချက်အလက်ရရှိမှု အားနည်းခြင်းကြောင့်လည်းဖြစ်ကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မူဝါဒ ၃ ရပ်အနက် တစ်ချက်ဖြစ်သည့် တိုင်းရင်းသားပဋိပက္ခဖြေရှင်းရေးမူတစ်ချက်သည် ပျက်ပြယ်သွားမည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
တိုင်းရင်းသားများလိုလားမည်ဆိုပါက ပါဝင်ရန် အဆင်သင့်ရှိကြောင်း၊ ထိုဒေသများသို့လည်း သွားရောက်ရန် အစီအစဉ်ရှိကြောင်းပြောကြားခဲ့သည်။

No comments:
Post a Comment