13 March, 2013

"ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ဒေသ သို့ ယနေ့ သွားမည် " ..


လက်ပံတောင်းတောင် ၏ အစီရင်ခံစာကို ယမန်နေ့နံနက်ပိုင်းတွင် တရားဝင် ထုတ်ပြန်ခဲ့ပြီး ယနေ့(မတ်လ ၁၃ရက်) တွင် မုံရွာနှင့် လက်ပံတောင်းတောင် ရှိဒေသအချို့ သို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မည် ဖြစ်သည်။


"သက်ဆိုင်ရာရွာသူရွာသားတွေကိုရှင်းပြဖို့ ကော်မရှင်ရဲ့တွေ့ရှိချက်တွေကိုရှင်းပြဖို သိချင်တဲ့ မေးခွန်းတွေကို မေးရင်ဖြေဖို့ပါ၊ဒေသခံတွေနဲ့ တွေ့ ဆုံ ပြီးရှင်းလင်းဖို့ ပါ" ဟု ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် တွင် သတင်းထောက်များကို ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဒေသခံရွာသူရွာသားများ၏ တုန့်ပြန်လာမည့် အခြေအနေနှင့်ပတ်သတ်၍ "အန်တီကမျှော်လင့်ချက်မထားဘူး အန်တီအမြဲ ပဲပြောတယ်မဟုတ်လား မျှော်လင့်တယ်ဆိုတာ အယုံအကြည် မရှိ ဘူး၊အလုပ်ကိုပဲ အန်တီ ယုံကြည်တယ်ကော်မရှင်ဥက္ကဌအနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ ဟာကို အန်တီလုပ်မှာပါ"ဟု ထပ်လောင်းပြောသည်။

No comments:

Post a Comment