02 March, 2013

လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့မြ၀တီခရိုင်အထူးရဲတပ်ဖွဲ့တို့တာဝန်မဲ့စွာတုံ့ပြန်ပြောကြားမှု ...


သို့
၁။ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နေပြည်တော်
၂။ဒုတိယဗိုလ်ချုပ်ကြီးကိုကို
... ... ပြည်ထောင်စုဝန်ကြီး
ပြည်ထဲရေးဝန်ကြီးဌာန
နေပြည်တော်
၃။ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဋ္ဌ
တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
နေပြည်တော်


ရက်စွဲ - ၂၀၁၃ခုနှစ်၊မတ်လ(၁)ရက်နေ့
အကြောင်းအရာ။။မြ၀တီမြို့သို့မိဘမသိဘဲထိုင်းနိုင်ငံသို့အလုပ်သွားလုပ်ရန်
သွေးဆောင်ဖြားယောင်းခြင်းခံရသူမဇာဇာသိမ့်နှင့်ပတ်သက်၍မြ၀တီမြို
လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့မြ၀တီခရိုင်အထူးရဲတပ်ဖွဲ့တို့ထံအကူအညီ
တောင်းခံသော်လည်းတာဝန်မဲ့စွာတုံ့ပြန်ပြောကြားမှုများအားလိုအပ်သလို ညွှန်ကြားဆောင်၇ွက်ပေးနိုင်ပါရန်တင်ပြခြင်းကိစ္စ
မိဘစိတ်ပူနေသည်။ အမြန်ပြန်လာပါ။
အိမ်မှမြ၀တီမြို့သို့သွားပြီးယိုးဒယားသို့အလုပ်သွားလုပ်မည်ဟုစာရေးထား
ခဲ့သည်။မိဘအားမတိုင်ပင်ပါ။အားလုံးစိတ်ပူနေသည်။တွေ့ရှိကခေတ္တခေါ်ယ
စေ...ာင့်ရှောက်ပေးပါ။တစ်ဖက်နိုင်ငံသို့မရောက်ရှိပါစေနှင့်သွေးဆောင်ဖြား
ယောင်းခေါ်ဆောင်သွားသူကိုအရေးယူဆောင်ရွက်ပေးပါ။၎င်းမိန်းကလေး
သည်လည်လည်ဝယ်ဝယ်မရှိပါ။ကလေးတစ်ယောက်အမေဖြစ်ပါသည်။ကူည
ီပေးကြပါ။မိခင်ဖြစ်သူမှာသူ့စိတ်ကြောင့်ရှိရင်းရောဂါတိုးပြီးအိပ်ရာထဲလဲနေပါ
သည်။(၅)နှစ်အရွယ်သားငယ်မှာလဲအမေမရှိ၍နေမကောင်းဖြစ်နေပါသည်။
သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လူသားအားလုံးကူညီပေးကြပါ။ကျေးဇူး
အထူးတင်ရှိပါသည်။

အမည် - မဇာဇာသိမ့်
အသက် - (၂၈)နှစ် ( ၁၉၈၅ - ၄ - ၂၄ ) နေ့
... အမိအဖအမည် - ဦးဝင်းနိုင်+ဒေါ်စန်းမြင့်
မှတ်ပုံတင်အမှတ် - ၁၂/ဒလန(နိုင်)၀၅၃၄၈၈
အိမ်မှထွက်ခွာသည့်နေ့ - (၂၇ - ၂ - ၂၀၁၃ )နံနက်စောစော
မိဘနေရပ်လိပ်စာ အမှတ်(၂၂၂ခ)၊မင်းရဲကျော်စွာ(၂)လမ်း၊စက်မြေရပ်ကွက်၊
ဒလမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးတွေ့ရှိပါကဆက်သွယ်ရန်ဖုန်းနံပါတ် ၀၉ - ၇၃၂၃၃၆၆၄
၀၉ - ၄၂၀၁၁၅၃၅၂
၀၉ - ၄၂၀၂၁၁၁၂၅
မိဘမသိအောင်စာရေးထားပြီးတံခါးမှာချိတ်ထားခဲ့သည်။ရေးထားသောစာ
မှာ-
သို့
အဖေနဲ့အမေ
သမီးရိုသေစွာရည်မှန်းပြီးကန်တော့ခဲ့ပါတယ်။သွားခါနီးအမေတို့စိတ်
မကောင်းဖြစ်မှာစိတ်ပူမှာမမြင်ချင်လို့ဘာမှပြောမသွားတာခွင့်လွှတ်ပါ။
အားလုံးသေချာချိတ်ဆက်ပြီးမှသွားတာမို့လို့အရမ်းစိတ်မပူပါနဲ့။
ပါတီကတ်လည်းယူသွားတယ်။ဟိုနေ့ကဂျာနယ်ထဲမှာထိုင်းမြန်မာသံအမတ်ရဲ့ဖုန်းတွေကူးသွားတယ်။မြ၀တီဘက်က၀င်မှာမို့လို့မြ၀တီရောက်ရင်ဖုန်း
ဆက်လိုက်မယ်။ပိုက်ဆံနှစ်သိန်းလောက်လက်ထဲမှာပါတယ်။ရောက်
ရောက်ချင်းငွေမပို့နိုင်ရင်စိတ်မပူနဲ့နော်။ဘတ်အရင်လုပ်ရမှာမို့လို့ TV တွေကိုအကြီးကောင်ကိုအကြွေးနဲ့ရောင်းလိုက်ပါ။သားကျောင်းတက်ချိန်ရရင်ဖြစ်တယ်။သားကျောင်းတက်မှအတန်းပိုင်ဆရာမဆီမှာကျူရှင်တက်
ခိုင်းတော့မယ်။အမေရေဗူးတွေမနိုင်ရင်ရပ်လိုက်တော့နော်။ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။သားကျောင်းတက်ရင်ကျော်ဇင်ပိုင်ကိုကြို/ပို့ တစ်လတစ်သောင်းပေးမယ်လို့ပြောလိုက်ပါ။သားကိုဂရုစိုက်ပေးပါနော်
ရိုသေစွာဖြင့်ကန်တော့ခဲ့ပါတယ်
သမီး ဇာဇာသိမ့်
ကျွန်တော်သမီးရေးထားခဲ့သောစာအရမြန်မာနိုင်ငံရဲတပ်ဖွဲ့ ၁၉၉ သို့ (၂၇ - ၂ - ၂၀၁၃) ညပိုင်းတွင်စုံစမ်းခဲ့ပါသည်။ ၁၉၉ တာဝန်ခံမှ
မြ၀တီခရိုင်ရဲအထူးတပ်ဖွဲ့ဖုန်းနံပါတ် ၀၅၈ - ၅၀၁၂၉
ကော့သောင်းခရိုင်အထူးရဲတပ်ဖွဲ့ဖုန်းနံပါတ် ၀၅၉ - ၅၁၉၈၁ တို့ဆက်သွယ်ရန်ပြန်ကြားပါသည်။ထိုပြန်ကြားတဲ့အတိုင်းဆက်သွယ်ရာမြ၀တီခရိုင်အထူးရဲတပ်ဖွဲ့မှဒုရဲအုပ်တင်ကိုကိုနှင့်ကော့သောင်းခရိုင်အထူးရဲတပ်ဖွဲ့မှရဲအုပ်ဝင်းနိုင်ဦးနှင့်အဆက်အသွယ်ရရှိပါသည်။၎င်းပုဂ္ဂိုလ်နှစ်ဦးမှမြ၀တီမြို့
လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ဖုန်းနံပါတ်အားပြောပြသဖြင့်၎င်းအဖွဲ့မှ
ဦးအောင်မြင့်ထွန်းနှင့်အဆက်အသွယ်ရရှိခဲ့ပါသည်။ဦးအောင်မြင့်ထွန်း
ညွှန်ကြားသည့်အတိုင်းအထက်ဖေါ်ပြပါမဇာဇာသိမ့်နှင့်ပတ်သက်သော
အချက်အလက်များဦးအောင်မြင့်ထွန်းထံGMailဖြင့်ပြည့်စုံစွာတင်ပြခဲ့ပါသည်။ဦးအောင်မြင့်ထွန်းမှကူညီပေးမည်ဟုပြန် ကြားပါသည်။(၂၈ - ၂ - ၂၀၁၃)နေ့ညနေ၆နာရီအချိန်တွင်မဇာဇာသိမ့်
သည်မိဘများထံသို့ဖုန်းဖြင့်ဆက်သွယ်လာပါသည်။သမီးတို့မြ၀တီမြို့သို့ဒီည
နေမှရောက်ကြောင်းသမီးတို့မိန်းကလေး(၁၀)ယောက်အုပ်စုဖြစ်ကြောင်း
နှစ်ယောက်ကျန်နေ၍ (၂ - ၃ -၂၀၁၃)ရက်နေ့တွင်ရောက်မည်ဖြစ်ကြောင်း၊
လူစုံသည့်နေ့(၂)ရက်နေ့တွင်ထိုင်းပွဲစားအမျိုးသမီးမှလာခေါ်မည်ဖြစ်ကြောင်း
အဖေတို့စိတ်မပူပါနဲ့သမီးရန်ကုန်ပွဲစားနဲ့လာတာပါ။သမီးအခုဆက်တဲ့
ဖုန်းနံပါတ်လည်းမပေးနိုင်ကြောင်းပြောပြီဖုန်းချသွားပါသည်။
ကျွန်တော်သမီးအပါအ၀င်အခြားမိန်းကလေးများအတွက်ပါလွန်စွာ
စိုးရိမ်မိပါ၍ဦးအောင်မြင့်ထွန်းအားထပ်မံဆက်သွယ်၍အပြည့်အစုံတင်ပြရာ
ဦးအောင်မြင့်ထွန်းမှမိန်းကလေး(၁၀)ယောက်အုပ်စုပွဲစားခေါ်ဆောင်၍လ
သည်ဆိုသည်မှာမဖြစ်နိုင်ကြောင်းမြ၀တီမြို့မှာကျယ်ပြန့်၍၎င်းတို့ရှိသည့်နေ ရာအတိအကျသိရှိမှသာဧည့်စာရင်းစစ်ဆေး၍ကူညီနီုင်မည်ဖြစ်ကြောင်းပြန်လည်ဖြေကြားခဲ့ပါသည်။ဒုရဲအုပ်တင်ကိုကိုမှလည်းထိုင်းသို့ထွက်ပေါက်အများကြီးရှိကြောင်းကျွန်တော်တို့ရဲတပ်ဖွဲ့မှထွက်ပေါက်(၃)ခုလောက်သာစောင့် ကြည့်နိုင်ကြောင်းအခြားငြိမ်းချမ်းရေးအဖွဲ့၊နယ်ခြားစောင့်တပ်ဖွဲ့များမှထွက် သွားလျင်မတက်နိုင်ကြောင်းနေရဂာအတိအကျကိုဖခင်တစ်ယောက်အနေ ဖြင့်ထပ်မှန်စုံစမ်းပြီးသတင်းပြန်ပို့ပါဟု၎င်းပုဂ္ဂိုလ်နှစ်ဦးမှပြန်လည်ပြောဆိုပါ သည်။
(၂၈ - ၂ -၂၀၁၃)နေ့ည၈နာရီခန့်တွင်နေပြည်တော်လူကုန်ကူးမှုတိုက်ဖျက်
ရေး(ဗဟို)အဖွဲ့ထံသို့အပြည့်အစုံဖုန်းဖြင့်ထပ်မံတင်ပြသောလည်းတာဝန်ကျ
ပုဂ္ဂိုလ်မှအထက်သို့တင်ပြပေးမည်ဟုသာပြောဆိုပါသည်။
သို့ဖြစ်ပါ၍ကျွန်တော်၏သမီးပြောသလိုရန်ကုန်ပွဲစားမှသွေုးဆောင်ခေ
ယူလာသောမိန်းကလေး(၁၀)ယောက်အား(၂ - ၃ - ၂၀၁၃)နေ့တွင် ထိုင်းနိုင်ငံဘက်မှအမျိုးသမီးပွဲစားမှလာရောက်ခေါ်ယူနိုင်ခဲ့မည်ဆိုပါက
သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများမှစိတ်ဝင်တစားတာမြစ်ဆောင်ရွက်မှုမပြုနိုင်ပါကမိဘများ၊နိုင်ငံသူနိုင်ငံသားများအနေဖြင့်လွန်စွာစိတ်မချမ်းမြေ့
ဘွယ်ရာဖြစ်ပါသည်။
သို့ဖြစ်ပါ၍(၂ - ၃ - ၂၀၁၃)နေ့တွင်၎င်းမိန်းကလေး(၁၀)ယောက်ထိုင်းနိုင်ငံ
သို့တရားမ၀င်ရောက်ရှိမသွားရောက်နိုင်စေရေးအတွက်အမြန်ဆုံးအချိန်မှီ ညွှန်ကြားဆောင်ရွက်ပေးနိုင်ပါရန်ဂါရ၀တရားရှေ့ထား၍လေးစားစွာမေတ္တာ ရပ်ခံတင်ပြအပ်ပါသည်။

ဦးဝင်းနိုင်
၁၂/ဒလန(နိုင်)၀၀၈၁၈၆
စက်မြေရပ်ကွက်၊ဒလမြို့နယ်
ရန်ကုန်တိုင်းဒေသကြီး


No comments:

Post a Comment