ကမ္ဘာမြေမှ
မိုင်ပေါင်း ၃၅၂ သန်း ဝေးကွာတဲ့ အင်္ဂါဂြိုလ် ပေါ်သို့ရောက်ရှိဖို့အတွက် ၈ လ နဲ့ ၁၁
ရက်ကြာ ပျံသန်းခဲ့ပြီး အောင်မြင်စွာဆင်းသက်နိုင်ခဲ့တဲ့ Curiosity စူးစမ်းလေ့လာရေး
ယာဉ်ဟာ
စတင်ရောက်ရှိခဲ့စဉ်က အဖြူအမည်း ဓါတ်ပုံတွေကိုသာ
ပေးပို့နိုင်ခဲ့ပေမယ့် ယခုအခါ မှာတော့ ရောင်စုံဓါတ်ပုံတွေကို
ပြန်လည်ပို့ဆောင်ပေးနေပါပြီ..။ ကွန်ပြူတာစနစ်များစွာ နဲ့ ထိန်းချုပ်ထားတဲ့
Curiosity ယာဉ်မှာပါဝင်တဲ့ လေဆာကင်မရာများဟာ အရည်အသွေးကောင်းမွန် တဲ့ ရုပ်ပုံတွေကိုရိုက်ကူးနိုင်ဖို့
အထောက်အပံ့ပေးနိုင်တဲ့အပြင် ကျောက်တုံးတွေကို လည်း ဖောက်ထွင်းရိုက်ယူနိုင်တဲ့အထိ
အစွမ်းတွေရှိပါတယ်..။
၂ နှစ် ၀န်းကျင်ခန့် ကြာမြင့်နိုင်တဲ့ Curiosity
ရဲ့စူးစမ်းလေ့လာရေးခရီးစဉ်အတွက် စွမ်းအင်ထောက်ပံ့ပေးရာမှာ အဏုမြူစွမ်းအင်ရဲ့
အရေးပါမှု ဟာများစွာအရေးကြီးတဲ့နေရာက ပါဝင်တယ်လို့ သိရပါတယ်....။
No comments:
Post a Comment