ဘတ်စ်ကားယာဉ်လိုင်းများ
ယာဉ်စည်းကမ်းပိုမိုလိုက်နာစေရန် ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် ဘတ်စ်ကား ယာဉ်မောင်း များနှင့်
ယာဉ်နောက်လိုက် များကို လစာငွေနှင့် ခန့်အပ်သင့်ကြောင်း မော်တော်ယာဉ် လုပ် ငန်းပေါင်းစုံ
ထိန်းသိမ်းရေးကြီးကြပ်မှု(ဗဟို)ကော်မတီ၏ ဒုတိယဥက္ကဋ္ဌဦးလှသောင်းမြင့် က ပြောကြားသည်။
လစာငွေနှင့်
ဝန်ထမ်းအဖြစ်ခန့်အပ်ရာတွင် ဘတ်စ်ကား ယာဉ်လိုင်းထူထောင်ထားသည့် ပုဂ္ဂလိကကုမ္ပဏီ အရေ အတွက်
များလာေ သာအခါမှသာ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ကို လစာစနစ်ဖြင့် ခန့်အပ်နိုင် မည်
ဖြစ်ပြီး လက်ရှိအချိန်တွင် ဘတ်စ်ကားယာဉ်လိုင်းထူထောင် ထားသည့် ပုဂ္ဂလိကကုမ္ပဏီတစ်ချို့မှာ-ဦးပိုင်
ဗန္ဓုလ ကုမ္ပဏီ (ပါရမီ)၊ရွှေသံလွင်ကုမ္ပဏီ(ရွှေဧည့်သည်) ၊ရွှေရန်ကုန်နှင့် ဘက်စုံမြင်ကွင်း
ကုမ္ပဏီ (မေ တ္တာ လှိုင်း) တို့ဖြစ်သည်။ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို လစာပေးစနစ်ဖြင့်
ခန့်ထားခြင်း ကို မေတ္တာလှိုင်း ယာဉ်လိုင်းတွင် စတင် ကျင့်သုံးနေပြီဖြစ်ကြောင်း သိရသည်။
၎င်းယာဉ်လိုင်းတွင်
ယာဉ်မောင်းများ ကို လစာနှုန်းကျပ်(၄)သိန်းခွဲနှင့် ယာဉ်နောက်လိုက်များကိုလစာ(၂)သိန်း(၂)သောင်း(၅)ထောင်ကျပ်ပေးနေ
ကြောင်း မေတ္တာလှိုင်းယာဉ်လိုင်း ဥက္ကဋ္ဌ ဦးထွန်းတောက်ဝင်း၏ ပြောကြား ချက်အရသိရသည်။
Konay Man
No comments:
Post a Comment