07 February, 2013

Wi-max အင်တာနက်အား ငွေကျပ် ၃ သိန်းကျော်ဖြင့် သာ ဈေးလျော့ရောင်းချ သွားမည်...

 Thursday 7th February 2013

လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေမှ ၁၉ ရက်နေ့အထိ တစ်ပတ်တာ ကာလ အတွင်းမှာ Red Link ကုမ္ပဏီ အနေနဲ့ Wi-max အင်တာနက် စနစ်ကို ကနဦးတပ်ဆင်ခ ငွေကျပ် သုံးသိန်း ခြောက်သောင်းနဲ့ ရောင်းချ သွားမှာ ဖြစ်တယ်လို့ အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။ အခုလို ရောင်းချရာ မှာလည်း မည်သည့် Service Plan အမျိုးအစား ကိုမဆို သတ်မှတ်ရက် အတွင်းမှာ ကနဦး တပ်ဆင်ခ ငွေကျပ် သုံးသိန်း ခြောက်သောင်းနဲ့ Promotion ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


ဒါ့အပြင် Red Link ကုမ္ပဏီ အနေနဲ့ Customer Service Center အသစ် တစ်ခုကိုလည်း ချော်တွင်းကုန်း မီးပွိုင့် အနီးမှာ ထပ်မံ ဖွင့်လှစ် သွားဖို့ ရှိတယ်လို့ သိရပါတယ်။ အခုလို ဖွင့်လှစ်မှု အတွက် ဖေဖော်ဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက်မှာ ဖွင့်ပွဲ အထိမ်းအမှတ် အဖြစ် Gold Plus Service Plan ကို အထူးလျော့ ဈေးနှုန်း နှစ်သိန်း ခုနှစ်သောင်းနဲ့ ရောင်းချ သွားမှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒါ့အပြင် အခုလို ဖွင့်လှစ်မယ့် ဆိုင်သစ်မှာ Gandamar Whole Sale မြေညီထပ်မှာ ဖွင့်လှစ် ထားတဲ့ Red Link အရောင်း ဆိုင်ခန်းကိုပါ ပြောင်းရွှေ့ ဖွင့်လှစ် သွားမှာ ဖြစ်တယ်လို့ Red Link ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။

No comments:

Post a Comment