07 February, 2013

မလေးရှား တရုတ် နှစ်သစ်ကူး ပွဲတော်တွင် Psy ဖျော်ဖြေမည်...


တောင်ကိုရီးယား စူပါစတား Psy သည် မလေးရှား နိုင်ငံ အတွင်းရှိ တရုတ် နှစ်သစ်ကူး ပွဲတော်တွင် ဖျော်ဖြေ ပေးရန်အတွက် ဝန်ကြီးချုပ်၏ ဖိတ်ကြားမှုဖြင့် မလေးရှား နိုင်ငံ ပီနန်မြို့သို့ သွားရောက်ခဲ့ကြောင်း ဖေဖော်ဝါရီ ၅ရက်တွင်Barison Nasional Youth အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အိုတုန်ကုန်းက ပြောကြား သည်။ 

 
Psy ၏ ဖျော်ဖြေမှု အတွက် ကုန်ကျမည့် စရိတ် အားလုံးကို နိုင်ငံ အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များမှ ရာနှုန်းပြည့် စပွန်ဆာ ပေးသွားမည် ဖြစ်ေ ကြာင်း အိုတုန်ကုန်းက ထပ်လောင်း ပြောကြားခဲ့သည်။ Psy သည် မလေး ရှား ဝန်ကြီးချုပ်ကို ဂါရဝပြု သွားရောက် တွေ့ဆုံမည်ဟု အစောပိုင်းက စီစဉ် ထား ခဲ့သော်လည်း Borisan ပါတီ၏ တရုတ် နှစ်သစ်ကူး ပွဲတော် ဖွင့်ပွဲကို ဧည့် သည်တော် တစ်ဦးအဖြစ် တက်ရောက်ရန် ဝန်ကြီးချုပ် ဒါတွတ်ဆရီနာ ဂျစ်တွန် ရာဇတ်က ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

http://www.mwdmedia.net/2013/02/psy.html

No comments:

Post a Comment