07 February, 2013

ဂျပန်နိုင်ငံမှ Berryz KOBO မိန်းကလေး အဆိုတော်အဖွဲ့ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်မည် ..

ဂျပန်မိန်းကလေး အဆိုတော်အဖွဲ့ Berryz KOBO

မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ Berryz KOBO မိန်းကလေး အဆိုတော် အဖွဲ့မှ ပထမဆုံးအကြိမ်အဖြစ် Japan Festival 2013 တွင် လာရောက်မည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဒေါက်တာ ဇာနည်မောင်မောင်မှ ပြောပြခဲ့သည်။

ယင်းကဲ့သို့ လာရောက်ခြင်းမှာ မြန်မာနိုင်ငံတွင် Japan Exter nal Trade Organization (JETRO) နှင့် Myanmar Professional Services ltd တို့ ပူးပေါင်း၍ မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြုလုပ်မည့် Japan Festival 2013 တွင် ဖျော်ဖြေရန်အတွက် ဖြစ်ကြောင်း သိရသည်။
"သူတို့က ဖျော်ဖြေပွဲပြီးတာနဲ့ ၁၀ ရက်နေ့ ညနေမှာပဲ ပြန်မှာပါ။ သူတို့အဖွဲ့ကိုတော့ Japan Exter nal Trade Organization (JETRO) ကနေပဲ တာဝန်ယူပြီး ဖိတ်ခေါ်တာပါ။ သူတို့အဖွဲ့ကို မြန်မာပရိတ်သတ်တွေ သိဖို့အတွက်ကိုတော့ ဖေဖော်ဝါရီ ၁၅ ရက်နေ့နောက်ပိုင်းလောက်ကျရင် ပြည်တွင်း ရုပ်သံအချို့မှာ သူတို့ရဲ့အကြောင်းတွေနဲ့ သီချင်းတွေကို ပြသပေးသွားဖို့ စီစဉ်ထားပါတယ်" ဟု ယင်းမှ ဆက်လက်ပြောပြခဲ့သည်။
Japan Festival 2012 ပြပွဲကို ၂၀၁၂ ခုနှစ်၊ ၃ လပိုင်းတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ဖူးပြီး နေရာ အခက်အခဲကြောင့် ဖျော်ဖြေရေး အစီအစဉ်များအား ထည့်သွင်းနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
Berryz KOBO မိန်းကလေး အဖွဲ့သည် ဂျပန်နိုင်ငံမှ အဆိုတော်အဖွဲ့ဖြစ်ပြီး အသက် ၂၀ မှ ၂၁ အတွင်းသာ ရှိသည့် မိန်းကလေးခုနှစ်ယောက် ပါဝင်ကြောင်း သိရသည်။ ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းနှစ်မတ်လတွင် ပထမဆုံး အခွေကို ဖြန့်ချိခဲ့ကာ အဖွဲ့၏ ထွက်ရှိပြီး စီဒီနှင့်ဒီဗီဒီများမှာ ဂျပန်နိုင်ငံ တစ်နိုင်ငံတည်းတွင်ပင် ချပ်ရေ ၁ သန်းကျော်အထိ ရောင်းအားကောင်းခဲ့ကြောင်း သိရသည်။
အဖွဲ့ဝင်များမှာ Saki Shimizu, Momoko Tsugunaga, Chi nami Tokanaga, Maasa Sudo, Migabi Natsuyaki, Yurina Kumai, Risaka Sugaya တို့ဖြစ်ပြီး ၂၀၀၈ ခုနှစ် Asia Song Festival တွင် Best Asia Newcomes Award ဆု ၊ ၄၁ ကြိမ်မြောက် Japan Cable Awards Ceremony တွင် Cable Music Awards ဆုတို့အပြင် အခြားဆုပေါင်းများစွာ ရရှိခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment