ဖစ် ပြင်ဆင်သော်လည်း
ဝတ်ပြုကျောင်းအဖြစ် အသုံးပြုခြင်းစသော အချက်များကြောင့် ရပ်ကွက်နေပြည်သူများက အပြင်းအထန်
ကန့်ကွက်ကြခြင်း ဖြစ်သည်ဟု သာကေတမြို့နယ် NLDမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းအဆောက်အဦး
ယခုကဲ့သို့ ဖြစ်လာခြင်းသည် အနီးရှိ ရပ်ကွက်နေသူများပင် သတိမထားလိုက်မိကြောင်း အမိုးပြင်သည်ဟု
သိကြသော်လည်း အသင့်ပြုလုပ်ပြီး သံချည်သံကွေး ပစ္စည်းများအား အဆောက်အဦးအောက်၌ စနစ်တကျ
သိုလှောင်သိမ်းစည်း၍ ဆောက်လုပ်နေကြကြောင်း ၊ညပိုင်း၌ပင် ဆောက်လုပ်ကြခြင်းဖြစ်၍ စည်ပင်မှ
အမိုးပြင်ရုံသာခွင့်ပြုသော် လည်း ဝတ်ပြုကျောင်းဆောင်ကြီး အဖြစ်ပေါ်ပေါက်လာခြင်း
ဖြစ်ကြာင်း ယင်း၁၉လမ်းတွင်နေထိုင်သူ တစ်ဦးကပြောကြားသည်။ ၎င်းအဆောက်အဦးအား သာသနာရေးဝန်ကြီး
ဌာနမှ ၁၃.၂.၂၀၀၁ တွင် စာအမှတ် ၁၀၀.၆.၄/ ဝတရ ဖြင့်ခွင့်ပြုထားကြောင်း၊ ပိုင်ရှင်ဦးတင်သန်းမှ
လှူဒါန်းထားခြင်းဖြစ်ကြောင်း မှတ်တမ်းတင်ထားသည်ကိုလည်း တွေ့ရသည်။
ထို့အပြင်စည်ပင်ဌာနမှ၁လပိုင်းမှ၉လပိုင်း၎ရက်နေ့အထိ ပြင်ဆင်ခွင့်ပြုထားသော အထောက်အထားများရှိကြောင်း၊ဘာသာရေးစာသင်ကြာင်းအဖြစ် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ယင်းအဆောက်အဦး ဂေါပကတစ်ဦးက ပြောကြားသည်။
ထိုအဆောက်အဦးအား မဆောက်လုပ်ရန် စစ်အစိုးရလက်ထက်ကပင် အကြိမ်ကြိမ် ကန့်ကွက်ခဲ့ကြကြောင်း၊
ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကပင် ချိပ်ပိတ်ထားသော အဆောက်ဦးဖြစ်ကြောင်း၊ သို့သော် နောက်ပိုင်းတွင်
မည်သို့ပြန်လည် ခွင့်ပြုလိုက်ခြင်းဖြစ်ကြော င်းကို မသိကြကြောင်း ထိုအဆောက်အဦးအား
ကန့်ကွက်ခဲ့ကြသူများထံမှ သိရသည်။ ၎င်းအဆောက်အဦးတွင် ကျောင်းသား၊ကျောင်းသူကလေးများ
ဆယ်ဦးခန့်စာသင်ကြားလျက်ရှိ သည်ဟု ယင်း၁၉လမ်းတွင် နေထိုင်သူများထံမှ သိရသော်လည်း
ဂေါပကဥက္ကဌ ဦးလှရွှေပြောကြားရာတွင် ကျောင်းသား/ သူ၂၀၀ကျော်အား နွေရာသီ ကျောင်းပိတ်ရက်များတွင်
ဘာသာရေး စာပေများ သင်ကြားလျက်ရှိသည်ဟု ပြောကြားသည်။ ထိုသို့ကန့်ကွက်မှုများသည် ယနေ့နေ့လည်
၁၁နာရီခန့်တွင်စတင် ဖြစ်ပွားခဲ့ပြီး နေ့လည်၂နာရီမှစတင်၍ အဆောက်အဦးအား မြို့ယ်နယ်၊
ခရိုင်၊ တိုင်းရဲမှူးများ၏ရှေ့မှောက်တွင် စည်ပင်ဝန်ထမ်းများက ဖျက်သိမ်းလိုက်ရာ ညနေ၆နာရီတွင်
ပြီးစီးသွားကြာင်း သိရသည်။
အောင်သိုက် ဓာတ်ပုံ - သီဟ
The Myanma Age
အောင်သိုက် ဓာတ်ပုံ - သီဟ
The Myanma Age
No comments:
Post a Comment