းမှ သိရှိရသည်။
ရန်ကုန်မြို့အတွင်း
လမ်းဆုံများ၊ မီးပွိုင့်များနှင့် လမ်းမကြီးများတွင် ယာဉ်ထိန်းရုံးငယ်များ ထားရှိပြီး
လမ်းပိတ်ဆို့မှုကို ရှင်းလင်းရန်နှင့် ယာဉ်တိုက်မှုဖြစ်စဉ်များကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန်
ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ကို တာဝန်ပေးထားသော်လည်း အချို့ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည်
တာဝန်ပျက်ကွက်မှုများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းသို့ တာဝန်ပျက်ကွက်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ယူဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများ က
စစ်ဆေးအရေးယူသွားမည် ဖြစ်သည်။
အဆိုပါ အရေးယူဆောင်ရွက်မှုအပေါ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ
ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက "ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ ဗဟန်းမြို့နယ် လင့်လမ်းနဲ့
ဓမ္မစေတီလမ်းဆုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် တစ်ဦးလို အရည်ချင်းရှိတဲ့
ဝန်ထမ်းတွေ အများကြီး မွေးထုတ်ဖို့ လိုတယ်။ ဒါ့အပြင် တာဝန်ပျက်ကွက်တဲ့ ၀န်ထမ်းတွေကိုလည်း
စစ်ဆေးပြီး အရေးယူသွားပါ့မယ်။ တချို့ယာဉ်ထိန်း တပ်ဖွဲ့ဝင်တွေက ယာဉ်ကြောတွေရှုပ်ထွေးနေတဲ့
အချိန်မှာ ယာဉ်ထိန်းရုံးထဲကနေပြီးတော့ ၀ီစီကိုပဲ ထိုင်ပြီးမှုတ်နေတယ်။ ယာဉ်ရှုပ်နေတဲ့နေရာကို
မသွားဘဲ ထိုင်ပြီးစကားပြောနေတာတွေ၊ စာထိုင်ဖတ်နေတာတွေကို သက်ဆိုင်ရာ မြို့နယ်တွေရဲ့
ယာဉ်ထိန်းတပ်ဖွဲ့စုမှူးတွေက ရှောင်တခင် လှည့်ပတ်စစ်ဆေးမယ်။ ပထမအကြိမ်အနေနဲ့ သတိပေး
ဆုံးမမယ်။ ဒုတိယအကြိမ်တာ ၀န်ပျက်ကွက်ခဲ့မယ်ဆိုရင်တော့  နေရာပြောင်းရွှေ့မှုတွေ ရာထူးလျှော့ချတာတွေကို
ဆောင်ရွက်သွားမယ်" ဟု ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်အင်အားကို
၁၄၀၀ ဦးအထိ တိုးချဲ့သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း
စည်းကမ်းဖောက်ဖျက်ယာဉ်များကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အထိ
အမှုပေါင်း ၁၀၀၀၀ နီးပါး စစ်ဆေးအရေးယူခဲ့ရကြောင်း အဆိုပါဌာနမှ သိရသည်။
Eleven Media
ယင်းသို့ တာဝန်ပျက်ကွက်သည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာ မြို့နယ်အလိုက် တာဝန်ယူဆောင်ရွက်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများ
အဆိုပါ အရေးယူဆောင်ရွက်မှုအပေါ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံ
ရန်ကုန်တိုင်းဒေသကြီးအတွင်း
ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း
Eleven Media
No comments:
Post a Comment