01 January, 2013

အကယ်ဒမီမော့စ် သေဆုံးသည်မှာမဟုတ်မှန်၊ တစ်ဦးတစ်ယောက်မှ လုပ်ကြံ ဖန်းတီးခြင်းဖြစ် ..


ရန်ကုန်၊ ဇန်န၀ါရီ ၁။
၂၀၁၁ ခုနှစ် အကယ်ဒမီပေးပွဲတွင် ထာဝရ အလင်းတန်းများ ဇာတ်ကားဖြင့် အကောင်းဆုံး ဇတ်ပို့ဆု ရရှိခဲ့သော အကယ်ဒမီမော့စ် သေဆုံးသွားသည် ဟုထွက်ပေါ်နေသော သတင်းများမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ သိရသည်။
ရန်ကုန်မြို့၊ရွှေဂုံတိုင်ရှိ SSC ဆေးရုံတွင် ယနေ့ နံနက်ပိုင်းတွင် အရေးပေါ်
ဆေးကုသခံနေရကြောင်းနှင့် သေဆုံးသွားကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။
အဆိုပါကိစ္စနှင့် ပက်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ကျ ရုံးအဖွဲ့ဝင်တစ်ဦးက "ဒီနေ့အဲဒီသတင်းကြီးပဲထိုင်ဖြေနေရတယ်။ ကိုမော့စ် ကဘာမှမဖြစ်ပါဘူး" ဟု ဖြေကြားခဲ့သည်။
"အဲသတင်းက မဟုတ်ဘူးလို့ ကျွန်တော်တို့ကြားပါတယ်၊ တစ်ယောက်
ယောက်ကလုပ်ကြံဖန်တီးတယ်လို့ ယူဆရပါတယ်၊ အခုဟာက လည်း
သတင်းတွေက အမျိုးမျိုးထွက်တော့ မြင်စရာတော့ မတက်နိုင်ဘူး၊ တကယ်
မဟုတ်ပါဘူး၊မဟုတ်တဲ့အတွက် ၀မ်းသာပါတယ်" ဟု မြန်မာနိုင်ငံရုပ်ရှင်
အစည်းအရုံး၏ ဥက္ကဌ ဖြစ်သူ ဦးဇင်ဝိုင်းက မြန်မာ့ခေတ်သို့ ပြောကြားသည်။

No comments:

Post a Comment