01 January, 2013

တရုတ်ထုတ် ပဲပြားနှင့်ပဲချောင်းများ၌ ဓါတုဆိုးဆေးများပါဝင်နေ ..


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ရှိစာသင်ကျောင်းအချို့တွင် တရုတ်နိုင်ငံ
မှ ၀င်ရောက်လာသော ပဲပြားနှင့်ပဲချောင်း များ၌ ဓာတုဆိုးဆေးများ
ပါဝင်နေသည့်အတွက့်  အဆိုပါမုန့်များအား ရောင်းချခြင်း မပြု ရန် တားမြစ်ထားသော်လည်းယခုအချိန်တိုင်ဆက်လက်ရောင်းချလျှက်ရှိသည်ဟု ကျောင်းသူ ၊ ကျောင်းသားများထံက သိရှိရသည်။
“ဆရာ/မတွေမသိအောင် ကျောင်းဝန်းထဲကိုလာပြီး ဈေးသည်တွေက ခိုးရောင်းနေတာ၊ အဲ့ဒီ မုန့် တွေက ကျန်းမာရေးနဲ့ မညီညွတ်ပေမယ့် ဈေးပေါပေါနဲ့ဝယ်လို့ရတော့ အငယ်တန်း ကလေးတွေက အရမ်း စားကြ တယ် “ ဟု အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်းမှ န၀မတန်း ကျောင်းသူ တစ်ဦး က ပြော သည်။
တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ပဲပြား/ပဲချောင်းများနှင့် ဓာတုဆိုးဆေးများပါဝင်သောမုန့်များမှာ ကျန်းမာရေးညီညွတ်မှု မရှိသောကြောင့် (၂၀၁၂) ခုနှစ် စာသင်နှစ်အစောပိုင်းမှစတင်၍ စာသင်ကျောင်း များတွင် ရောင်းချခြင်း မပြုရန်တားမြစ်ထားခြင်းဖြစ်သည်။
“အဲ့ဒီမုန့်တွေကအမှိုက်ပစ်တဲ့နေရာမှာတောင်အထုပ်လိုက်ပစ်ထားကြတာ၊ ကျောင်းတွေမှာက ခိုးရောင်းနေတုန်းပဲဆိုတော့ဝယ်စားမိတဲ့ကလေးငယ်တွေအတွက်စိုးရိမ်ရတယ်၊ ဈေးဆိုင်တွေကို အခုထက်ပိုပြီး သေချာကြပ်မတ်သင့်တယ်“ဟု ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်မျိုးမျိုးက ပြောသည်။
ရောင်းချခွင့်မပြုသော တားမြစ်မုန့်တွေမှာ များသောအားဖြင့် ကလေးငယ်များ၏ ကျန်းမာရေးနှင့် မညီညွတ်သော တရုတ်နိုင်ငံမှဝင်ရောက်လာသည့် ဆိုးဆေးပါဝင်သောမုန့်များနှင့် ပဲပြား/ အစပ် ချောင်း များဖြစ်ပြီး အဆိုပါမုန့်များကို စားသောက်ခြင်းဖြင့် ၀မ်းပျက်ဝမ်းလျှောရောဂါများနှင့် အစာအိမ်လမ်းကြောင်းဆိုင်ရာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း ကျောက်မဲမြို့ရှိ ဆရာဝန်ကြီး တစ်ဦးက သုံးသပ် သည်။
“ကျမရဲ့ကျောင်းမှာတော့ ကျောင်းတွင်းမုန့်ဆိုင်ကို ကျောင်းကျန်းမာရေးအဖွဲ့ကနေ အနည်းဆုံး တစ်ပတ်ကို တစ်ခါလောက် ကျန်းမာရေးစစ်ဆေးမှုလုပ်တယ်၊ တားမြစ်မုန့်တင်မကဘူး ယင်နား စာတွေနဲ့ ၀မ်းပျက်ဝမ်းလျှော ဖြစ်စေနိုင်တဲ့ အစားအစာတွေကိုပါမရောင်းချခိုင်းပါဘူး “ ဟု ကျောက်မဲမြို့ အမှတ်(၁) အခြေခံ ပညာအထက်တန်းခွဲမှကျောင်းအုပ်ဆရာမကြီးကပြောသည်။ ကျောက်မဲမြို့တွင် စာသင်ကျောင်း (၆၀)ကျော်ခန့်ရှိပြီး အချို့သောကျောင်းများတွင် ဓာတုဆေးဝါး ပါသော တရုတ်မုန့်များကို ရောင်းချလျက်ရှိကြောင်း သိရသည်။

(မြစ်မခ)

No comments:

Post a Comment