01 January, 2013

ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်မှ ဆင်ဖြူတော်ရုပ်ပစ်ချ ယတြာချေဟူသော သတင်းများနှင့်ပတ်သတ်၍ ဖြစ်ရပ်မှန်အား ဖြေရှင်းခြင်း ...




ဒီဇင်ဘာ ၁၀ ရက်နေ့ တပ်မဟာ ၅ နယ်မြေပေါ်သို့ မြန်မာစစ်တပ်မှ ဆင်ဖြူတော်ရုပ်ပစ်ချ ယတြာချေဟူသော ပုံဖြင့် ကေအိုင်အေ ဝါဒဖြန့် သမားများဆီမှ ထွက်ပေါ်လာပါသည် ။ထိုသို့သော အခြေအနေအား ယုံကြည်ကြသော မြန်မာအမျိုးကောင်းသား အမျိုးကောင်းသမိးများကလည်း စုံလုံးကန်း ယုံပစ်လိုက်ကြသည် ။ထို့အပြင် မြန်မာစစ်ကြောင်းတွင် ဘုန်းကြီးတစ်ပါးပါဝင်ပြီး ထိုအခြေအနေကို မှန်ပြောင်းဖြင့် ကြည့်ရှူကြောင်းလည်း တမင် ပိုပိုသာသာ ရေးသားကြပါသည် ။
ထိုကဲ့သို့ အင်တာနက်တွင် ပျံနှံလာသော ဓါတ်ပုံများအား အနီးကပ်သေချာစွာဆန်းစစ်ကြည့်သောအခါ တကယ့်ဖြစ်စဉ်အမှန်မဟုတ်ပဲ ကွန်ပြူတာနည်းပညာဖြင့်ပြူပြင်ဖန်တီးထားသောပုံသာဖြစ်နေသည်ကိုတွေ့ရပါသည် ။ထိုပုံအကြောင်းကို အနီးကပ်zoom ဆွဲကြည့်သော အခါ အောက်ပါအတိုင်း တွေ့ရှိရပါသည် ။

 
ပုံတွင် တပ်ထားသော နံပါတ်စဉ်အလိုက်ကြည့်ပါ ။
ပထမ ဦးဆုံး နံပါတ်(00) မှာ ကေအိုင်အေ ၏ ဝါဒဖြန့် သမားတို့ဖြန့်ချီထားသော အင်တာနက်တွင်ပျံနှံနေသော ပုံဖြစ်ပါသည် ။ ပုံအမှတ်(0.1 ) နှင့်(0.2)မှာ  အနီးကပ်ဆွဲယူစစ်ဆေးထားသော ပုံဖြစ်ပါသည် ။ 
ပုံအမှတ်စဉ်လိုက် ရှင်းပြပါမည် ။
·       (၁)ဆင်ရုပ်ဟုဆိုသောပုံရိပ်၏ပေါင်ပိုင်းမှာတိမ်မျှင်များဖြစ်နေပါသည် ။
·       (၂)ဆင်ရုပ်၏ ခါးပိုင်းဟု ခေါ်ဆိုရမည့် အပိုင်းမှာ လေးထောင့်အရာဝတ္ထုသဏ္ဍာန်တစ်ခုဖြစ်ပြီး ကွန်ပျူတာနည်းပညာဖြင့် အရောင်မှိန်စေကာ အရောင်များဖြန့်ထွက်စေသော နည်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည် ။
·       (၃)ဆင်ရုပ်၏ လက်ဟုဆိုသော အပိုင်းမှာ ခြေထောက်ပိုင်းရှိ တိမ်မျှင်အပိုင်းအား ပွါးယူကာ လက်ပုံသဏ္ဍာန်ပေါ်စေရန် လုပ်ယူထားသဖြင့် တိမ်များပြတ်တောက်နေသည့်ဟန်ဖြစ်နေပါသည် ။
·       (၄)နှာမောင်းပေါင်းမှာ  ဓါတ်ပုံများအားကွန်ပျူတာနည်းပညာ ဆော့ဝဲလ် များတွင် ပါရှိသော ဆေးမှူတ်သည့် tools ဟုခေါ်သည့် ဖန်တီးမှူဖြင့် ရေးဆွဲထားခြင်းဖြစ်သည် ။
·        ပုံများအား မသဲကွဲပါက မိမိတို့ ကွန်ပျူတာ /ဖုံး/tablet အတွင်း ဒေါင်းလုတ်(download) ယူ၍ ပုံကြီးချဲ့ကြည့်နိုင်ပါသည် ။

မောင်ကျောက်ခဲ

No comments:

Post a Comment