ရန်ကုန်၊ ဇန်န၀ါရီ
၊၄ ။
ရွေတိဂုံစေတီတော်တွင် ၂၃ရက်နေ့ ညနေ ၅ နာရီတွင် ဠင်းတ ၆ ကောင်နားခြင်းနှင့် ပက်သက်ပြီး သံဃာတော်များသည်
ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေရန် ယနေ့ညနေ ၃နာရီတွင် ပရိတ်တရားနှင့် ကမ္မ၀ါစာများကို ရွတ်ဖက်ခြင်းဖြစ်ကြောင်း ဆရာတော်ဘဒ္ဒန္တ ပါမောက္ခ ကမိန့်ကြားသွားသည်။
ဗုဒ္ဓဘာသာဝင်တို့သည် အကောင်းဘက်မှ မြင်တတ်ကြသလို အဆိုးဘက်မှ မြင်တတ်ကြသူများလည်း ရှိကြသောကြောင့်
မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားအပေါင်း ဘေးအန္တရာယ်
ကင်းဝေးစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဆရာတော်က
ဆက်လက်ပြီး မိန်ြ့ကားသွားသည်။
"၆၅နှစ်မြောက် လွတ်လပ်ရေး နေ့မှာတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူအားလုံးကို လွတ်လပ်စေချင်တဲ့ဆန္ဒ၊ ဘေးကင်းစေချင်တဲ့ဆန္ဒ တွေကြောင့်အခုလို ရွတ်ဖတ်ကြတာပါ။" ဟုဆရာတော် ဘဒ္ဒန္တ ပါမောက္ခ ကဆက်လက်
မိန့်ကြားသည်။
ဘုရားပေါ်တွင် ဠင်းတနားခြင်းမှာ အသက်ငါးဆယ် ကျော်သော်လည်း ယခင်က တစ်ကြိမ်တစ်ခါမှ မကြုံဘူးပဲ ယခုအကြိမ်သည် ပထမအကြိမ်
အဖြစ် ကြုံဖူးခြင်းဖြစ်ကြောင်း၊ နိမိတ်ကောင်းသည်၊ မကောင်းသည် ကိုမသိသော်လည်း ပရွတ်တရားတော်များ ရွတ်ဖတ်ခြင်းသည်
ကောင်းမွန်သည့် အလုပ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်း
ဒေါ်နော်အုန်းလှက ပြောကြားသည်။
"အန်တီတို့က ဗုဒ္ဓဘာသာဝင်တွေပါ။ ခုလိုသံဃာတော်တွေက နိုင်ငံကောင်းအောင် ဆောင်ရွက်တဲ့နေရာမှာ ကိုယ်တက်နိုင်သလောက် ၀င်ရောက်ပူးပေါင်း ဆောင်ရွက်တာပါ" ဟု ဒေါ်နော်အုန်းလှက ဆက်လက် ပြောကြားသည်။
ပရိတ်ရွတ်ခြင်း ၊ကမ္မ၀ါစာ ရွတ်ဖတ်ခြင်းများကို ရွှေတိဂုံ ဘုရား၏ ဗုဒ္ဒဟူးထောင့်၊ ကြာသပတေးထောင့် ၊သောကြာထောင့်၊ တနင်္လာထောင့်များတွင် သံဃာတော်များက ပြုလုပ်သွားပြီး ညနေ ၅ နာရီခွဲခန့်တွင် ပြီးဆုံးသွားကြောင်းသိရသည်။
ဟိန်းကို

No comments:
Post a Comment