မြန်မာနိုင်ငံနှင့် ကိုရီးယားနှစ်နိုင်ငံကြား
လေကြောင်းလိုင်းများကို အကန့်အသတ်မဲ့ ပျံသန်းခွင့် ပြုတော့မည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စတင်ပျံသန်းမည့်ကာလကိုထုတ်ဖေါ်ပြောဆိုခြင်းမရှိသော်လည်း
ကိုရီးယား လေကြောင်း တာဝန်ရှိသူများနှင့် မြန်မာ လေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတို့
ဒီဇင်ဘာလ တတိယပတ်က ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်သည့်နှစ်ရက်ကြာဆွေးနွေးမှုအပြီး
ရလဒ် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြန်မာ၊
ကိုရီးယား နှစ်နိုင်ငံအကြား လေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက်လာမှုနှင့် ဈေးကွက် လိုအပ်ချက်
အရနှစ်နိုင်ငံ လေကြောင်းလိုင်းများ ပျံသန်းခြင်း၊ အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းများ
ပြုလုပ်နိုင်ရန် ကိုးရီးယား နိုင်ငံသို့ သွားရောက်ဆွေးနွေးခဲ့ကြောင်း လေကြောင်း ပို့ဆောင်ရေး
ညွှန်ကြားမှု ဦးစီးဌာန အရာရှိက ပြောသည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ
ဦးဌေးဦးက “ကိုရီးယား လေကြောင်းလိုင်းကို အရင်က စိတ်ဝင်စားမှုမရှိပေမယ့် ဈေးကွက် ရှိလာတဲ့အခါ
ဝင်ရောက် ပြေးလိုသူတွေ ရှိလာတယ်။ အထူးသဖြင့် ပင်လယ် ရေကြောင်းကသွားနေတဲ့ အထည်တွေဟာ
တစ်ခါ တလေမှာ စာချုပ် အရ အချိန်မီပို့ရတာတွေရှိတယ်။ အဲဒီအခါ လေကြောင်းလိုင်းက ပို့ရတာတေ
ွရှိတယ်။ လေယာဉ်နဲ့ ပို့ခက ဈေးကြီးတော့ အမြတ် မကျန်တော့ဘူး။ အခုလို အပြိုင်ဆွဲခွင့်ပြုလိုက်ရင်
ဈေးနှုန်းတွေပါ သက်သာသွား နိုင်ပါတယ်။” ဟု ပြောသည်။ မြန်မာ ကိုရီးယား နှစ်နိုင်ငံသည်
၂၀၀၆ ခုနှစ်အတွင်း နှစ်နိုင်ငံ လေကြောင်း ပို့ဆောင်ရေး သဘောတူညီချက်အရ မြန်မာဘက်မှ
ကိုရီးယားနိုင်ငံသို့ လေကြောင်းလိုင်း နှစ်လိုင်းသာ ပြေးဆွဲ ပျံသန်းခွင့်ရှိပြီး ကိုရီးယား
ဘက်မှလည်း လေကြောင်းလိုင်း နှစ်လိုင်းသာ ပြေးဆွဲခွင့် ရှိသည်။ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့
လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်ကို ၁၉၇၈ ခုနှစ် ဇန်နဝါရီလတွင် စာချုပ်စတင်ချုပ်ဆိုခဲ့သည်။
No comments:
Post a Comment