02 December, 2012

ဖုန်းအင်တာနက် အသုံးပြုခ ပုံစံသစ် ပယ်ဖျက် ..


မြန်မာ့ ဆက်သွယ်ရေး၏ ဖုန်း အင်တာနက် အသုံးပြုခ ကောက်ခံမည့် ပုံစံသစ်ကို အသုံးပြုသူ များက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီးနောက် ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်မည့် စနစ်သစ်ကို ၂ဝ၁၃ ခု ဇန်နဝါရီ ၁ ရက်နေ့သို့ ရွှေ့ဆိုင်း လိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်းလ် ဒု-အင်ဂျင်နီယာချုပ် ဦးစိုးအောင်က မော်ကွန်းသစ်  သို့ ပြောကြားသည်။
“ဇန်နဝါရီ ၁ ရက်မှ ပြန်စမယ်။ ဈေးနှုန်း တွေလည်း ပြင်ဆင် သွားဖို့ ရှိတယ်” ဟု ၄င်းက ပြောကြားသည်။
မိုဘိုင်းလ် အင်တာနက် အသုံးပြုခ ကောက်ခံမည့် ပုံစံသစ်နှင့် ပတ်သက်၍
မြန်မာ့ ဆက်သွယ်ရေး က နိုဝင်ဘာ ၃၀ ရက်နေ့တွင် သတင်းစာ
ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့ပြီး Volume Based Charging စနစ်သို့
ပြောင်းလဲမည် ဖြစ်ကြောင်း အခိုင်အမာ ပြောခဲ့ပြီးနောက် ယင်းနေ့ ညနေပိုင်း တွင် အဆိုပါ အစီစဉ်ကို ပယ်ဖျက် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment