02 December, 2012

မီးလောင်ဗုံးထိ သည့် သံဃာတော်နှင့် ပြည်သူများ အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက် မှု လိုအပ်..


ဒဏ်ရာ အရမ်း ပြင်းထန် သည့် သံဃာတော် များ နှင့် လူပုဂ္ဂိုလ် များ မှာ နိုင်ငံခြား ဆေးရုံ  များ သို့  အရေး ပေါ် ဆေးကုသခံ ရန် လို အပ် ကြောင်း မန္တလေး ဆေး ရုံကြီး မှ အမည် မဖော် လို့  သည့် တာဝန်ရှိ ဆရာဝန် တစ်ဦး က FNG သို့  ပြောသည်။
နိုဝင်ဘာလ ၂၉ရက်နေ့ မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီမိုင်း ရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြခဲ့ကြတဲ့ သံဃာတော် များ အား လုံခြုံရေး တာဝန် ရှိသူ များ က အကြမ်းဖက် ဖြိုခွဲခဲ့ မှု တွင် မီးလောင်ဗုံး များ သုံး ခဲ့ ခြင်း ကြောင့် အသား အရေ ပေါက်ပြဲ မှု များ ဖြစ်ပေါ် ခဲ့ ရာ မှာ အရေပြား ကင်ဆာ ပုံစံ ဆက်လက် ဖြစ်ပေါ် လာ နိုင်သည့် အလား
အလာ များ ကို မန္တလေး ဆေးရုံ ကြီး မှ တာဝန် ရှိသူ များ က လေ့ လာ သိရှိ ခဲ့ ရသည်ဟု သိရသည်။
” လုံးဝ ပိုးမ၀င် တဲ့ ပိုးသတ် ထား တဲ့ အခန်း တွေ ၊ ပြင်ပ အောက်စီဂျင် လုံးဝ မ၀င်တဲ့ အခန်း တွေ မှာ ကု သင့် တာ ပါ ၊ ပြင်ပ လေနဲ့  ဆို ပေါက် ပြဲ နေတဲ့ အရေ ပြား တွေ ကနေ ရော ဂါ ပိုး တွေ ၀င် လာ နိုင်တယ် ၊ အကျိုး ဆက် က တော့ အရေပြား ကင်ဆာဖြစ်ပေါ် လာ နိုင်တဲ့ ပုံစံ ကို တွေ့  နေရ တာ ပဲ ” ဟု မန္တလေး အထွေထွေ ရောဂါ ကု ဆေးရုံကြီး မှ အမည် မဖော် သည့် ဆရာဝန် တစ်ဦး က FNG ကို ပြောသည်။
အဆင့် မြင့် ကျန်းမာရေး စောင့်ရှောက်မှု မခံ ယူလျှက် အခြေအနေမှာ ပိုဆိုး သွား နိုင်သည် ဟု ထိုဆရာဝန် က ထပ်လောင်း ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက် ဖြိုခွင်းမှုအတွင်း ထိခိုက် ဒဏ်ရာ ရ သူ ၂၀၀ ကျော် ခန့်  ရှိ နိုင် ပြီး အချို့  မှာ ဆေးရုံ ဆေးခန်း များ တွင် သွား ရောက် ကုသခံ ရန် ငြင်းဆန် လျှက်ရှိ ကြောင်း ထိုသူ များ ကို လျှို့ ဝှက် ကုသပေး နေရ ကြောင်းဖောင်ကား မှ ကျန်းမာရေး ၀န်ထမ်း တစ်ဦး က FNG ကို ပြောသည်။
မုံရွာ ဆေးရုံကြီး မှ မှုခင်းဘက် ဆိုင်ရာ ကျွမ်းကျင် သူ ဆရာဝန်ကြီး ဒေါက်တာ ဌေးတင်ချစ်မှ မြန်မာ့ ရုပ်မြင် သံကြား နှင့် တွေ့ ဆုံ ရာ တွေ ရောဂါတွေ မစိုးရ ရ ကြောင်း သိပ်မကြာခင် ကောင်း သွား မည် ဖြစ်ကြောင်း ပြော ခဲ့သည်။
ယခင် မြန်မာ စစ်အစိုးရ ဒုတိယ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှုး ကြီး မောင်အေး နှင့် မကြာခင် က ရာထူးမှ အနား ယူသွား သူ မြန်မာ အစိုးရ ဒု တိယ သမ္မတ ဦးတင်အောင်မြင့်ဦး တို့  ကမူ စင်္ကာပူ နိုင်ငံ ရှိ ဆေးရုံများ တွင် သွား ရောက် ကုသခံနေရသည်။
လက်ပံတောင်းတောင် ကြေးနီမိုင်း အကြမ်းဖက် ဖြိုခွဲ မှု နဲ့  ပတ် သက် ပြီး မနေ့ က ရန်ကုန် မြို့ တရုတ် သံ ရုံးရှေ့ မှာ ကန့် ကွက် ဆန္ဒပြ မှု တွေ ဖြစ်ခဲ့ တယ် လို့  ရန်ကုန် မြို့  က နိုင်ငံရေး အကျဉ်းသား ဟောင်းများ ကွန်ယက် က တာဝန် ရှိ သူ တစ်ဦး က FNG ကို ပြောသည်။

No comments:

Post a Comment