02 December, 2012

သံဃာတော်များတွင် မီးလောင်ဒဏ်ရာနှင့် အက်စစ်စားဒဏ်ရာများ အများဆုံးတွေ့ရှိရ ..


မုံရွာမြို့နယ်ရှိ၊ ပဇ္ဇာတာရုံ ကျောင်းတိုက် တွင်ရှိသော သူမေဓလူမှုရေးဆေး ခန်း၌ ယနေ့ညနေပိုင်းတွင် မဟာ ဇောတိကရာမကျောင်းတိုက်မှ သံဃာတော် အပါး ၆၀ ကျော် ဆေးကုသမှု လာရောက် ခံယူကြောင်း သိရသည်။
အဆိုပါ အပါး ၆၀ ကျော်တွင် မီးလောင် ဒဏ်ရာများအပြင် အက်စစ်စားသည့် ဒဏ်ရာများပါ တွေ့ရှိ ရကြောင်း လှုမှုရေး ဆေးခန်းတွင် အခမဲ့ လာရောက် ဆေးကုသပေး လျက်ရှိသူ ဆရာဝန် တစ်ဦး က ပြောကြားသည်။
"သူတို့က ရေနဲ့ အရင်ပက်တယ် ဆိုတာ အက်စစ်နဲ့ ဓါတ်မတည့်တဲ့ အတွက် ပိုပြီး ခံစားရအောင် ပိုပြီး မီးလောင်အောင် ရေအရင် လောင်းတာ ၊ကြည်းဆေး တဲ့အထဲမှာ ထည့်တဲ့ အက်စစ်တွေကို သုံးတာ၊ အဲဒီထဲမှာ မီသိန်းဓါက်ပါတယ်၊ အဲဒါက ရေထိရင် ပိုဆိုးသွားစေတယ်။
 လာသမျှအားလုံးက မီးလောင်ဒဏ် ရာနဲ့ ပရပ်ရှာ တွေကျနေတယ်၊
မျက်ရည်ယို ဗုံးသာမှန်ရင် ဒီလောက်မဆိုးဝါး ဘူး" ဟု အဆိုပါ
ဆရာဝန်က ထပ်မံပြောကြားသည်။

No comments:

Post a Comment