06 December, 2012

ဆန္ဒထုတ်ဖော်သည့်ကိစ္စသည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား ...


ရန်ကုန် ၊ ဒီဇင်ဘာ ၆
လက်ပံတောင်းတောင်တွင် သပိတ်စခန်းများကို အကြမ်းဖက်နိမ်နင်းခဲ့ခြင်းနှင့် ပတ်သက်ကာနိုင်ငံ အဝှမ်း ဆန္ဒထုတ်ဖော်မှု သည် အရေးကြီးသော ကိစ္စရပ်ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေးကော်မရှင် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
“ ဆန္ဒထုတ်ဖော်လို့ ဖမ်းထားတဲ့သူတွေအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့နဲ့
ညှိနှိုင်းပြောဆိုထားပါတယ်” ဟု ၄င်းက ဆိုသည်။
လက်ရှိအနေအထားတွင် လက်ပံတောင်းတောင်တွင် ရဟန်း သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို အကြမ်းဖက်နိမ်နှင်းခဲ့မှုကြောင့်
နိုင်ငံအဝှမ်းဆန္ဒထုတ်နေကြသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ ဘာအတွက် ဆန္ဒထုတ်ဖော်တယ်ဆိုတာ သိဖို့ အရေးကြီး ပါတယ်” ဟု ယနေ့ ပြောဆိုလိုက်သည်။

No comments:

Post a Comment