06 December, 2012

မန္တလေးသံယာတော်များ လက်ပံတောင်းတောင်ကိစ္စနှင့်ပတ်သက်ပြီး အချက် ၅ချက်တောင်းဆို ဆန္ဒထုတ်ဖော်...


မန္တလေး-ဒီဇင်ဘာ၆
ယနေ့နေ့နလယ်တစ်နာရီတွင်လက်ပံတောင်းတောင်ကိစ္စနှင့်ပတ်သက်ပြီး
သပိတ်ဆန္ဒထုတ်ဖော် မှုကို မန္တလေးမြို့ အိမ်တော်ရာ ဘုရားဝင်းအတွင်း
သံဃာအပါး ၂၀၀ကျော် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်မှုတွင်အချက် ၅ချက်ကို သံဃာတော်များကို မဖြစ်
မနေလုပ်ဆောင်ပေးရန်တောင်းဆိုလိုက်သည်။
အဆိုပါ အချက်၅ချက်မှာ
၁။ နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့တို့မှ ထိခိုက်ဒဏ်ရာရသံဃာတော်များကို
အမြန်မဆုံးဝန်ချတောင်း ပန်ရန်။
၂။ အကြမ်းဘက်နှိမ်နင်းမှုတွင် တာဝန်ရှိသောသူများအား ထိရောက်စွာအရေးယူပေးရန်။
၃။ ကြေးနီစီမံကိန်းနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန်။
၎။ ကြေးနီစံမံကိန်းကို ဒေသခံများနှင့် ပြည်သူများကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရန်။
၅။ နောက်နောင်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုများ မပေါ်ပေါက်စေရန်
လွှတ်တော်များနှင့် အစိုးရအဖွဲ့များတွင် တပ်မတော်သားများ
အမြန်ဆုံးနှုတ်ထွက်ပေးရန် စသည့်အချက်များကို တောင်းဆို လိုက်သည်။
ယခုအချက်များကိုတောင်းဆိုသောလည်း ချက်ချင်းမဖြစ်နိုင်သည့်
အချက်များပါဝင်သဖြင့် ပထမအချက် သုံးချက်ကို
မဖြစ်မနေလုပ်ဆောင်ပေးရမည်ဖြစ်ပြီး နောက်နှစ်ချက်ကို
အချိန်အနည်းငယ်စောင့်ဆိုင်းပေးသွားမည်ဟု ဆရာတော်ဦးဥုတ္တမသာရ(ဘ၀အလင်း)ကမိန့်ကြားသည်။

No comments:

Post a Comment