08 November, 2012

တေးသံရှင် ခင်မောင်တိုး ကျန်းမာရေးအခြေအနေ ဆိုးဝါး ..

ပြည်သူချစ်သော အဆိုတော်ကိုခင်မောင်တိုးခေါ်ကိုတိုးကြီး၏ ကျန်းမာရေး အခြေအနေ အလွန်ဆိုးဝါးနေသည်(သို့)ကွယ်လွန်သွားသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိပါသည်။

အဆိုတော် ကိုခင်မောင်တိုး(ခ)ကိုတိုးကြီး စင်္ကာပူနိုင်ငံတွင် ကျန်းမာရေးအတွက် ဆေးကုသမှုခံယူနေရသည်မှာ မှန်ကန်ကြောင်းသိရသည်။

ဒါရိုက်တာဇင်ယော်မောင်မောင်၏ Facebook စာမျက်နှာတွင် "our favourate singer ko khin mg toe passed away in spore! big loss in myanmar .." ဟု ရေးသားထားသည်ကိုတွေ့ရသည်။
တေးသံရှင် ခင်မောင်တိုးသည် စင်္ကာပူ စံတော်ချိန် ၁၁း၄၅ မိနစ် ( မြန်မာ စံတော်ချိန် ၉း၄၅) အချိန်တွင် အသည်းရောဂါဖြင့် ကွယ်လွန် သွားပြီ ဖြစ်ကြောင်း သိရသည်။ မဇ္ဈိမလှိုင်း အဖွဲ့ဝင် တစ်ဦး ဖြစ်သူ ကိုမျိုးကြီးမှ အတည်ပြု ပြောကြားခဲ့ပါသည်။
http://www.facebook.com/myanmarindependentnews?ref=stream
မဇ္ဈိမလှိုင်း မှ ကိုမျိုးကြီးက မြန်မာစံတော်ချိန် ၁၀း၅၀ တွင် ပြန်လည်အတည်ပြု ပြောကြားရာ ဦးခင်မောင်တိုး သေဆုံးခြင်းမှာ မဟုတ်မှန်ကြောင်း၊ သို့ရာတွင် ဆရာဝန်က လက်လျှော့လိုက်ရသည့် အနေအထား ဖြစ်သဖြင့် မိသားစုမှာ ရှေ့ဆက် ဆောင်ရွက်ရမည့် အခြေအနေများကို တိုင်ပင်နေကြောင်း ပြောကြားခဲ့ပါသည်။

No comments:

Post a Comment