နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည်
လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၊ ဗီယင်ကျန်းမြို့တော် National Convention Centre
တွင် ကျင်းပမည့် (၉) ကြိမ်မြောက် အာရှ-ဥရောပ အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့နံနက်
၁၀:၀၀ နာရီတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွါသွားခဲ့ပြီ ဖြစ်ပါသည်။
ASEM အစည်းအဝေးအား နိုဝင်ဘာလ ၅ ရက်နေ့မှ ၆ ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး သမ္မတကြီး
အနေဖြင့် အစည်းအဝေးတက်ရောက်လာကြသည့် နိုင်ငံတကာမှ အကြီးအကဲအချို့နှင့် တွေ့ဆုံဆွေးနွေးရန်ရှိသဖြင့်
ယနေ့ စတင်ထွက်ခွာပြီး နိုဝင်ဘာ(၇)ရက်နေ့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း
သိရှိရပါသည်။ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသောနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်၊သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားကြပါသည်။
အာရှ-ဥရောပ အစည်းအဝေးကို ၁၉၉၆ ခုနှစ်တွင် တက်ရောက်သည့်နိုင်ငံ
ပေါင်း(၂၆)ဖြင့် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၀၄ ခုနှစ်တွင်စတင်တက်ရောက်ခဲ့ပါသည်။လက်ရှိအကြိမ်တွင်တက်ရောက်သည့်
နိုင်ငံပေါင်း (၄၈) နိုင်ငံရှိပြီး ဥရောပ မှ (၂၇) နိုင်ငံ၊ အာဆီယံအသင်းဝင် (၁၁) နိုင်ငံ၊ အာရှနှင့် အခြားနိုင်ငံ(၉) နိုင်ငံမှအကြီးအကဲများတက်ရောက်ကြ
မည်ဖြစ်ပါသည်။
Yangon Media Group

No comments:
Post a Comment