04 November, 2012

လူကြီးမင်းဖုန်းဆိုင် မှ စာနယ်ဇင်းရှင်းလင်းပွဲ ...

ဟန်းဆက်တစ်လုံး ကျပ်ငါးထောင်ဖြင့် ကံစမ်းရောင်းချပေးခြင်းကို ရန်ကုန်တွင် ပါရမီဆိုင်တစ်ဆိုင်သာ ပြုလုပ်ပေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဆိုင်များအား အစီအစဉ်သစ်တစ်ရပ် ပြုလုပ်ပြီးမှသာ ပြန်လည်ရောင်းချ
ပေးတော့မည်ဖြစ်ကြောင်း လူကြီးမင်းဖုန်းဆိုင်မှ ဒါရိုက်တာ ကိုပြည့်စုံထွန်းက ယနေ့ နံနက် ၁၀ နာရီတွင် Park Royal ၌ ပြုလုပ်သည့် စာနယ်ဇင်း
ရှင်းလင်းပွဲတွင် ပြောသည်။
" ဖုန်းရောင်းဖို့ ချမှတ်ထားတဲ့ အစီအစဉ် မှားယွင်းခဲ့တဲ့အတွက် လူတအားများပြီး ရန်ကုန်မှာ ဖုန်းမရောင်း ပေးနိုင်ခဲ့ပါဘူး။ နေပြည်တော်နဲ့
တောင်ကြီး သုံးဆိုင်ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရန်ကုန်ဆိုင်တွေကတော့ ပါရမီတစ်ဆိုင်ပဲ တုံကင်ဝေပြီးသားဖြစ်တဲ့အတွက် မဲဖောက်ကြေညာ
ပေးသွားမှာပါ။ ကျန်တဲ့ဆိုင်တွေကတော့ ဘယ်လို ပြန်ရောင်း ပေးရမလဲ
ဆိုတာ အချိန်ယူစီစဉ်ရဦးမှာပါ´´ဟု ၄င်းက ပြောသည်။
နိုဝင်ဘာ ၃ ရက်နေ့၌ နံနက် ၈ နာရီ ခွဲမှ ၉ နာရီအထိ SANSUNG Mini ဟန်းဆက်တစ်လုံးကို ကျပ်ငါးထောင်ဖြင့် အလုံးရေ ၁၂၀ အား လူကြီးမင်း ဆိုင်ခွဲပေါင်း ၁၁ ဆိုင်တွင် တုံကင်စနစ်ဖြင့် ကံစမ်းမဲဖောက်
ရောင်းချပေးမည်ဟု သတင်းများ ထုတ်ပြန်ထားခဲ့ရာ လူဦးရေများပြား
လာသည့်အတွက် ရဲများပင်ဖြေရှင်းပေးရသည်အထိ ဖြစ်ပွားခဲ့၍ ဖုန်းရောင်းခြင်းကို ရန်ကုန်တွင် မည်သည့်ဆိုင်မှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။


No comments:

Post a Comment