04 November, 2012

“ပန်းခရမ်းပြာ၏ အိပ်မက်များ” ၏ အမေရိကန်နိုင်ငံတွင် ရခိုင်ဒေသ ဘေးဒုက္ခရောက်သူတွေကူညီရန် အတွက်အလှူငွေ ရှာနေ ..


မဇ္ဈိမလှိုင်း ကိုရဲလွင်၊ ကိုဆောင်းဦးလှိုင်တို့ အောက်တိုဘာလ ၃ ရက်နေ့မှာ အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်က ဂေးတားစ်ဘတ်မြို့မှာ သီဆိုဖျော်ဖြေနေကြတာပါ။
ကချင်နဲ့ရခိုင်ပြည်နယ်တွေက ဘေးဒုက္ခ ရောက်သူတွေကို ကူညီဖို့ဆိုပြီး “ပန်းခရမ်းပြာ၏ အိပ်မက်များ” ဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စု တ၀န်း ရန်ပုံငွေ လှည့်လည် ရှာဖွေဖို့ရည်ရွယ်ချက်နဲ့ အမေရိကန်မှာ ခေတ္တရောက်နေပါတယ်။
ဒီကနေ့ညပွဲမှာ ဆရာမ ဒေါ်သန်းမြင့်အောင်၊ ကိုရဲလွင်နဲ့ ကိုဆောင်းဦးလှိုင် တို့ က မေရီလန်နဲ့ ဗာဂျီးနီးယားက လာရောက်အားပေးကြတဲ့ မြန်မာမိသားစုကို သူတို့ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေနဲ့ လက်ရှိ မြန်မာနိုင်ငံတွင်း သူတို့ရဲ့ လုပ်ဆောင်မှု အခြေအနေတွေကို ပြောပြခဲ့ကြပါတယ်။
မြန်မာမိသားစုတွေက မြန်မာအစားအစာတွေကို ရံပုံငွေရှာရောင်းချခဲ့သလို လာရောက်ကြတဲ့ မြန်မာတွေ စုပေါင်းပြီးတော့ အလှူထဲ့ဝင်ကြပါတယ်။

No comments:

Post a Comment