10 October, 2012

နိုင်ငံရေး ကမောက်ကမ ဖြစ်စေရန် တိုက်ခိုက်ကြခြင်းဟု ကမ္ဘောဇဘဏ် ဥက္ကဌဆို ..


ရန်ကုန် ၊ အောက်တိုဘာ ၉

မြန်မာနိုင်ငံတွင် ဘဏ်ခွဲ အများဆုံး ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ကို ခေါ်ယူ စစ်ဆေးနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ရက်ပိုင်း အတွင်း ငွေကြေးများ ပြန်လည် ထုတ်ယူနေကြသည်ဟုကောလဟာလများ ထွက်ပေါ်ခြင်းမှာ နိုင်ငံရေး ကမောက်ကမ ဖြစ်စေ ရန် တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ဦးအောင်ကိုဝင်း က ယနေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

" ကောလဟာလ ဖြန့်လိုက်ရင် ငွေကြေး ကမောက်ကမ ဖြစ်မယ်။ အဲဒီလို ဖြစ်ရင် နိုင်ငံရေး က မောက်ကမ ဖြစ်မယ်။ဒါကြောင့် တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုက တိုက်ခိုက် တယ်လို့ မြင်ပါတယ်" ဟု ၄င်းက ဆိုသည်။

၎င်းအနေဖြင့် High Profile နေခြင်းကြောင့် ပြဿနာ များသည့် အတွက် Low Profile နေ ကြောင်း ယခု ကောလဟာလ ထွက်ခြင်းမှာ Low Profile နေခြင်းနှင့် သက်ဆိုင်ကြောင်း ကိုလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ကမ္ဘောဇသည် မြန်မာနိုင်ငံ အနှံ့ ဘဏ်ခွဲပေါင်း ၇၉ ခု ဖွင့်လှစ်ထားပြီး ယခုလ နောက်ဆုံး အပတ်တွင် ဧရာဝတီတိုင်း ဘိုကလေးမြို့တွင် ၈၀ မြောက်ဘဏ်ခွဲကို ဖွင့်လှစ်မည်ဖြစ် သည်။

No comments:

Post a Comment