စစ်တွေ-အောက်တိုဘာ၂၄
ရခိုင်ပြည်နယ်ရုံးခွင့်ပြုချက်ဖြင့်ရခိုင်ပြည်နယ်ကျောင်းသားသမဂ္ဂ

ဆန္ဒထုတ်ဖော်ပွဲကိုယနေ့နံနက်၉နာရီအချိန်တွင်စစ်တွေမြို့တွင်
ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်ကျောင်းသားသမဂ္ဂအကြံပေးအဖွဲ့ဝင် ကိုဝေယံကျော်က
ဆန္ဒထုတ်ဖော်ရသည့်ဲ့အကြောင်းအရင်းများဖြစ်သော
၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီးသီးတွင်လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးရန်။
၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။
၃) တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာလမ်းတစ်လျှောက်နှင့်
ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန် (ဘုမေကျေးရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)
၎) တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေထိုင်နိုင်မည့်အဆောင်
များ အမြန်ဆုံးဆောက်လုပ်ပေးရန်နှင့်
ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောက်ရွက်ပေးရန်။
၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက်ဘင်္ဂလီများနှင့် အတူတကွပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန်။
စသည့်အချက်( ၅ )ကိုပြောကြားခဲ့သည်။
ထိုနောက်လောကနန္ဒစေတီဘုရားကိုတစ်ပတ်စီတန်းလှည့်လည်ပြီး အရှေ့ဘက်မုဒ်ဝမှ ထွက်ခွါကာငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။
ကျောင်းသား၊ကျောင်းသူစုစုပေါင်း၂၅၀၀ခန့်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြပြီးဦးဥတ္တမပန်းခြံတွင် ဆရာတော်ဦးဥတ္တမကိုဂါရ၀ပြုခဲ့ကြောင်းသိရသည်။
ပေါက်စ ( စစ်တွေ )

No comments:
Post a Comment