24 October, 2012

ရခိုင်ပြည်နယ် ပဋိပက္ခများကို ထိန်းသိမ်းရန် လုံခြုံရေးတိုးမြင်.


ရန်ကုန်၊ အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ကျောက်ဖြူမြို့၊ မင်းပြားမြို့ များတွင် ဖြစ်ပွား နေသော ပဋိပက္ခ မှု များကို ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန် ထားသော်လည်း ထိရောက် မှု နည်းပါး နေသဖြင့် ပဋိပက္ခ မှုများ အဓိက ဖြစ်ပွားလျက် ရှိသော မြို့နယ် များတွင် "လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား မြှင့်တင်ခြင်း၊ လုံခြုံရေး အဆင့် တိုးမြှင့်ခြင်း များ ဆောင်ရွက် ရန် နိုင်ငံတော် သမ္မတ က ညွှန်ကြားချက် ထုတ်ပြန် ခဲ့ကြောင်း "အဆိုပါ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး ၏ facebook စာမျက်နှာ တွင် ယနေ့ ညနေ ၅နာရီခန့် တွင် ရေးသား ဖော်ပြ ခဲ့သည်။
ကျောက်ဖြူ မြို့၌ ယနေ့ နံနက်ပိုင်း က ဘင်္ဂါလီ အမျိုးသမီး များက ရခိုင် တိုင်းရင်းသား နေအိမ် များသို့ မီးကွင်း များဖြင့် ပစ်ခတ် ရာမှ ပဋိပက္ခ စတင် ဖြစ်ပွား ခဲ့ပြီး တစ်ဘက် နှင့် တစ်ဘက် အပြန်အလှန် မီးရှို့ မှုများ ဖြစ်ပွား ခဲ့ကြောင်း၊ ညနေပိုင်း တွင် ပဋိပက္ခ ဆက်လက် ဖြစ်ပွား ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင် များက ဝင်ရောက် ထိန်းသိမ်း ဆောင်ရွက် ခဲ့ကြောင်း ၊ဘင်္ဂါလီ အချို့ သည် လှေ များဖြင့် ထွက်ပြေး သွားခဲ့ကြောင်း၊ လက်ရှိ အချိန်ထိ သေဆုံး သူများ မရှိ၊ ဒဏ်ရာ ရရှိသူ (၁ဝ)ဦး ခန့် ရှိကြောင်း ယင်း စာမျက်နှာ တွင် ဖော်ပြသည်။

ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ် နှင့် မင်းပြား မြို့နယ် တို့တွင် ဖြစ်ပွား နေသော ပဋိပက္ခ မှုများ သည် မြေပုံမြို့ နှင့် ကျောက်ဖြူ မြို့နယ် များသို့ ယမန်နေ့ ညနေပိုင်း တွင် စတင် ကာ ကူးစက် လာပြီး မီးရှို့မှု များ ဖြစ်ပွား နေပြီး သေဆုံးသူ ဦးရေ မှာလည်း မြင့်တက် လာကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့် ဒေသခံ များထံ ဆက်သွယ် မေးမြန်းချက် များ အရ သိရှိရသည်။

မြေပုံတွင် ယမန်နေ့ ညနေပိုင်း ၁ဝနာရီ ခန့်တွင် ဘင်္ဂါလီ များက ၄င်းတို့ နေအိမ်ကို စတင် မီးရှို့ရာ မှ ဒေသ တွင်း အခြေအနေ တင်းမာ ကာ နှစ်ဦး နှစ်ဖက် အပြန် အလှန် မီးရှို့မှု များ ဖြစ်ပွား ခဲ့ပြီး ယင်း ပဋိပက္ခ မှု များ ကြောင့် ရပ်ကွက် ငါးခုတွင် မီး လောင်ကျွမ်း ခဲ့ကာ အိမ်ခြေ ၆ဝဝခန့် မီးလောင်ကျွမ်း သွားကြောင်း၊ ယင်း ပဋိပက္ခ မှုကြောင့် ဒဏ်ရာ ရရှိသူ ၂ဝ ကျော် ရှိပြီး ၁ဦး သေဆုံး ကြောင်း မြေပုံ မြို့ ဒေသခံ မြေပုံ မြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်ဝင်း က ပြောကြားသည်။

ကျောက်ဖြူ မြို့တွင် ယမန်နေ့ ညနေ ၈နာရီ ခန့်တွင် ပိုက်ဆိပ် ရပ်ကွက်ရှိ လူမျိုးစု နှစ်ခုလုံး ၏ နေအိမ် များ မီးရှို့ ခံပြီး မီးလောင်ကျွမ်း နေဆဲ ဖြစ်ကြောင်း၊ ယင်း ပဋိပက္ခ မှုကြောင့် ကျောက်ဖြူ မြို့နယ် တွင် လူ သုံးဦး သေဆုံးပြီး ၁ဝခန့် ဒဏ်ရာ ရရှိ ကြောင်း ကျောက်ဖြူ မြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေ ထံ ယနေ့ ညနေ ၅နာရီ ၃ဝမိနစ် ခန့်တွင် မေးမြန်းချက် အရ သိရှိရသည်။

ရခိုင်ပြည်နယ် တွင် ဖြစ်ပွား နေသော ပဋိပက္ခ များတွင် ယနေ့ ထပ်မံ သေဆုံးသူများ ရှိသော်လည်း စာရင်း ကောက်ခံ နေဆဲ သာ ဖြစ်သဖြင့် တရားဝင် ထုတ်ပြန်၍ မရှိနိုင် သေးကြောင်း၊ မြေပုံတွင် ယနေ့ ဖြစ်ပွားသော ပဋိပက္ခ မှုကြောင့် ၂ဝကျော် ဒဏ်ရာ ရရှိပြီး ၁ဝဦးကို အတွင်းလူနာ အဖြစ် ဆေးရုံတွင် ကုသ နေရကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ သတင်း ပြန်ကြားရေး ကော်မတီ ဥက္ကဋ္ဌ ဦး ဦးလှသိန်းက ပြောကြားသည်။


The Voice Weekly

No comments:

Post a Comment