ရန်ကုန်၊ အောက်တိုဘာ ၂၃
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်တွင်း ဆက်သွယ်ရေး လောက တွင် ဂယက် ရိုက်ခတ် ခဲ့သော Viber ဖုန်း ခေါ်ဆိုမှု များ အောက်တိုဘာ ၂၂ ရက်နေ့ ညဦးပိုင်း က စတင် ပြတ်တောက် ခဲ့ခြင်း မှာ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ဘဲ ကမ္ဘာ တစ်ဝှန်း ယာယီ ပြတ်တောက် သွားခြင်း ဖြစ် ကြောင်း Viber ၏ Facebook စာမျက်နှာ တွင် ထုတ်ပြန် ထားချက် အရ သိရသည်။

ယင်းသို့ ဖြစ်ရခြင်းမှာ Viber ကို နည်းပညာပိုင်း တာဝန်
ယူထားသော Amazon ကုမ္ပဏီ ၏ System ပိုင်း အဆင့် မြှင့်တင် မှု ပြုလုပ်ရာ က တစ်ဆင့်
အဆင်မပြေ မှုများ ဖြစ်ပေါ် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ Viber ၏ Facebook စာမျက်နှာ
တွင် ဖော်ပြ ထားသည်။
ယမန်နေ့ည က Viber အသုံးပြုသူများ ဆက်သွယ် မရ ဖြစ်ခဲ့ ရာက မြန်မာနိုင်ငံမှ အသုံးပြုသူ များကိုViber က ပိတ်လိုက်ကြောင်း သတင်း ထွက်ပေါ် ခဲ့ခြင်း ဖြစ် သည်။ ယခုအခါ Viber မှ ဖြစ်ပေါ် နေသော ချို့ယွင်းချက် များကို Amazon နှင့် အတူ အမြန် ဆုံး ဖြေရှင်းနိုင်ရန်ကြိုးစားလျက် ရှိပြီး ပြန်လည် အသုံးပြု နိုင်ပါက ချက်ခြင်း အကြောင်းကြား မည် ဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက် တွင် ဖော်ပြ ထားသည်။

The Voice Daily Newsletter
No comments:
Post a Comment