11 October, 2012

နိုင်ငံထဲမှာ အနှစ် ၂၀ အောက်ကားတွေ မရှိအောင် ဆောင်ရွက်သွားမယ် ...


အိုမင်းကားဟောင်း လဲလှယ်မှုနဲ့ ပတ်သက်ပြီး လက်ရှိ ၁၉၉၆ ခုနှစ်အထက် ကားတွေ အစားထိုးတင်သွင်းခွင့်ပြုနေရာကနေ ၂၀၁၃ ခုနှစ်ရောက်ရင် ၁၉၉၇ အထက် ကားတွေကိုသာ တင်သွင်းခွင့်ပြုတော့မယ်လို့ စီးပွားကူးသန်းဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။ ဒီအစီအစဉ်အတိုင်း နောက်လာမယ့် နှစ်တွေမှာလည်းမော်ဒယ်တွေကို တစ်နှစ်ခြင်း မြှင့်ပြီး တင်သွင်းခွင့် ပြုခြင်းအားဖြင့်နိုင်ငံထဲမှာ အနှစ် ၂၀ အောက်ကားတွေ မရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြောင်း၊ ဒါပေမယ့် ကားတင်သွင်းသူတွေ တင်ပြထားတဲ့ အခွန်ကောက်ရာမှာ
သတ်မှတ်တဲ့ ဆိပ်ကမ်းအရောက် ကားတန်ဘိုး CIF သတ်မှတ်မှုကိုတော့ လောလောဆယ်...ပြောင်းလဲဖို့ မရှိသေးဘူးလို့ ပြောကြောင်း ကားဝယ်ရောင်းတစ်ယောက်ကရှင်းပြပါတယ်။ လက်ရှိ ကားဟောင်းလဲလှယ်ခွင့်၊ သင်္ဘောသား၊နိုင်ငံခြားသွားရောက် လုပ်ကိုင်သူတွေနဲ့ သာမန်နိုင်ငံသားတွေကားတင်သွင်းခွင့်အတွက် ကားအစီးရေ စုစုပေါင်း ၆ သောင်း၆ ထောင်ကျော် ပါမစ် ထုတ်ပေးပြီး ဖြစ်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

--------------------------------------------------------------------------
မူရင်းသတင်း--DVB TV News

No comments:

Post a Comment