11 October, 2012

ကလောမြို့တွင် အသက်(၄၄)နှစ် ယောင်္ကျားတစ်ဦး ကြိုးဆွဲချသေဆုံး ..


ရှမ်းပြည်နယ်၊ ကလောမြို့၊ မှိုင်းလုံးတောင်(မိုက္ကရိုဝေ့ပ်)အနီးတွင် အောက်တိုဘာလ(၈)ရက်ညပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
သေဆုံးသူကတော့ ဦးမြင့်သန်း၊အသက်(၄၄)နှစ်၊ ကျပန်းလုပ်ကိုင်ပြီးတော့ ကလောမြို့၊ရပ်ကွက်(၃)မှာ နေထိုင်သူ ဖြစ်ပါတယ်။ကော်သားပင်သစ်သားကိုင်းမှာ နိုင်လွန်ကြိုးကိုချီပြီး
ကြိုးဆွဲချသေဆုံးတာဖြစ် ပြီး ပြင်ပ ဒဏ် ရာ လည်း မတွေ့ရကြောင်း သိရပါတယ်။ ဦးမြင့်သန်းရဲ့ အလောင်းကို ၈ ရက်နေ့ည ၁၁ နာရီကျော်မှာ ကလောမြို့ပြည်သူ့ဆေးရုံသို့ ပို့ထားပြီး ကလောရဲစခန်းမှအမှုဖွင့်ထားကြောင်း သိရပါတယ်။``မနက်မိုးလင်းကာစ ၆ နာရီခွဲ လောက်တုန်းက ကိုမြင့်သန်း နိုင်လွန်ကြိုးတစ်ချောင်းကို ယူပြီး
မှိုင်းလုံးတောင်(မိုက္ကရိုဝေ့ပ်) ဘက်ကိုထွက်သွားတယ်။ ကျွန်မလည်းထင်းရှာထွက်ရင်း၊ အသီးအရွက်သွားခူး တာလို့ဘဲ ထင်လိုက်တယ်။
ဒါပေမဲ့ ညနေ(၇)နာရီအထိ ပြန်မလာတာကြောင့် ဆယ်အိမ်မှူး ဦးထွန်းတင်ဆီ ကိုသွားပြီး ပြောပြခဲ့ပါတယ်။ ရပ်ကွက်ကလူတွေပေါင်းပြီး မှိုင်းလုံးတောင်ဘက်ကိုသွားရှာတော့မှ အခုလို အဖြစ်မျိုးနဲ့ ကြုံနေရတဲ့ ကျွန်မ ယောက်ကျားကို တွေ့ရတာပါလို့´´ဦးမြင့်သန်းရဲ့ ဇနီးဖြစ်သူ ဒေါ်ကြည်သင်းမှ ၀မ်းနည်းစွာပြောကြားသွားခဲ့ပါတယ်။

shwemyanmarmedia

No comments:

Post a Comment