04 October, 2012

နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ် ..


အနှိပ်ခန်းတွေ ကေတီဗွီတွေက ရဲသက်သာချောင်ချိေ၇းပါဆိုမှ အရေးယူခိုင်းနေပြန်ပြိ..ထမင်းအိုးရိုက်ခွဲပါတယ်ဆိုပြီး အမှုပြန်မဆင်လိုက်တာ ကံကောင်း...
နေပြည်တော်မှာ ဝင်ငွေကာင်းတဲ့ အလုပ်ရမယ်လို့ လှည့်ဖြားခံရပြီး သားမယားပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာနေပြည်တော်ရဲဆီမှာ အကူအညီတောင်းပေမယ့် လျစ်လျူရှုခံရတဲ့အပြင် ကျူးလွန်သူတွေဘက် ရဲကရပ်တည်တယ်လို့  ပြောပါတယ်။
လှိုင်သာယာ စက်မှုဇုန် ၁ ဧရိယာမှာ အသက် ၆၀ အရွယ် မျက်စိတဖက် ပျက်နေတဲ့မိခင်မုဆိုးမနဲ့ အတူနေထိုင်ရင်း ရှာဖွေကျွးမွေးနေတဲ့ ၂၂ နှစ်အရွယ် စက်ရုံအလုပ်သမ ဒီအမျိုးသမီးငယ်ဟာ နေပြည်တော်က အလှပြင်ဆိုင်မှာ ဝင်ငွေကာင်းမယ်ဆိုတဲ့လူပွဲစားရဲ့ ပြောစကားကို ယုံပြီး လိုက်သွားရာက သားမယားအဖြစ် အဓမ္မပြုကျင့်ခံခဲ့ရ
တဲ့ အထိ ဖြစ်ခဲ့တာလို့ ကာယကံရှင်က ပြောပါတယ်။

ကျန်းမာရေးကြောင့် စက်ရုံအလုပ်နားနေရချိန်မှာ လစာ ၁ သိန်းနဲ့ အပိုကြေး တလ၁ သိန်းစုစုပေါင်း၂သိန်းလောကရမယ်ဆိုတဲ့အတွက်လိုက်သွားခဲ့တာလို့ ဆိုပါတယ်။
နေပြည်တော် ရွှေကြာပင်ရပ်ကွက်က ဇနီးမောင်နှံအိမ်မှာ ညအိပ်ရင်း အောက်ထပ်ကအခန်းတွင်းကို သွင်းပြီး အသက် ၄၀ ကျော်အရွယ်အမျိုးသားကို နှိပ်ခိုင်းရာကေန သားမယားပြုကျင့်ခံခဲ့ရသလို ရိုက်နှက်တာလည်း ခံရတယ်လို့  ပြောပါတယ်။
ဒီနောက် ခြံကို ကျော်လွားထွက်ပြေးရာမှာ လွတ်မြောက်ခဲ့တယ်လို့ အဲဒီအမျိုးသမီးကဆိုပါတယ်။
အမှတ် (၁) ရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ က အမှုသွားဖွင့်ရာ ရဲက အမှုမဖွင့်ပေးပုံနဲ့ သူ့ကို ငွေကြေမှ ပြန်ရမယ်လို့  ပြောဆိုခဲ့ပြီး ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။
“ရဲစခန်းက အမှုဖွင့်မေပးဘူး။ သမီးကိုပိုက်ဆံပေးပြီး အမှုမဖွင့်နဲ့  ပြန်ဆိုတော့သမီးက ဒီလိုဖြစ်ထားတာ ဖွင့်မယ်ဆိုတော့ မဖွင့်ပေးဘူး။ ညကျ ရဲတယောက်ကလာပြီးပိုက်ဆံ ၁ သောင်းပေးပြီး လမ်းစရိတ် ကားလတ်မှတ်ဖြတ်သွားတဲ့။
ပိုတဲ့ဟာကို ထမင်းဝယ်စားဆိုပြီး ပြောတယ်။”“သွားတိုင်ခါစကေတာ့ ရဲဦးလေးက ပခုံးမှာကြယ်ပွင့် ၂ ခုတော့ တွေ့ တယ်။
သူက ညည်းပြန်ချင်ရင် ညည်းတို့ အိမ်က အစ်မတွေလာပြီး ပိုက်ဆံ ၅ သောင်းရမှ ပြန်ရမယ်။
ပိုက်ဆံမရမချင်း မပြန်ရဘူးလို့လည်း ပြောသေးတယ်။”သူမဟာ ရဲက အမှုမဖွင့်ပေးလို့အပြန်လမ်းမှာ လူမိုက်တွေကလိုက်တဲ့အတွက် ကူညီသူတွေက ဆိုင်ကယ်ပေါ်တင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ရတယ်လို့  ဆိုပါတယ်။
ဒီနောက် သူမဟာ သူ့ကို စာနာသူတွေ အကူအညီနဲ့ ရဲချုပ်ရုံးဆီရောက်သွားမှ
စက်တင်ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်ခွင့်ရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခွင့်မရခင် ရဲက အမှုမဖွင့်ပေးဘဲ ငွေ ၁၀ သိန်းပေးမယ်ဆိုပြီး အမှုမဖွင့်ဖို့ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။
“ညည်း ပိုက်ဆံ ၁၀ သိန်းပေးရင် ကျေနပ်လားတဲ့။ သမီးက ပိုက်ဆံမလိုဘူး၊
ဖျက်ဆီးခံရတဲ့အတွက် တိုင်ရမှာပဲ။
တကယ်လို့ ထွက်ပြေးလို့သာမရခဲ့ရင် တခြားကို ပါရင်ပါသွားမှာ ဘယ်မှလည်းမသွားတတ်ဘူး။
”အမှုလက်ခံပြီးတဲ့နောက် လင်မယား ၂ ဦးနဲ့ လူငယ် ၁ ဦးကို ရဲက လူကုန်ကူးမှုနဲ့အမှုဖွင့်ပေး ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ဒီအမျိုးသမီးအပေါ် စာနာကြတဲ့ရွှေကြာပင်ရပ်ကွက်က ရပ်ကွက်သားတွေက သူမကို အလုပ်အကိုင်ရရှိရေးအတွက်ပါ စီစဉ်ပေးလို့ သူဟာ ဈေးဆိုင်တဆိုင်မှာ အကူအေရာင်းသမားအဖြစ် လုပ်နေပါတယ်။
ဒီကိစ္စကို နေပြည်တော်မှာရှိတဲ့ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က အိုင်အယ်လ်အိုဆက်ဆံရေး ကွန်ရက်အဖွဲ့ဝင် ဦးသက်ဝေထံရောက်လာပြီး ဒီနေ့ ရန်ကုန်မြို့ အိုင်အယ်လ်အိုဆက်ဆံရေးရုံးကို တိုင်ကြားပါတယ်။

No comments:

Post a Comment