09 December, 2012

ရုပ်ရှင်ဆန်ဆန် ရဲဝန်ထမ်းတစ်ဦး မောင်းနင်း ထွက်ပြေးသွားသော ကားပေါ်မှ ပြုတ် ကျသေဆုံး ..

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မုံရွာ - ကလေး အဝေးပြေးကား လမ်းကြီးပေါ်ရှိ ဖောင်ကူးတံတား တွင် သတင်းအရ ယာဉ်စစ်ဆေး ရန် တာဝန်ကျ ရဲဝန်ထမ်းတစ်ဦးသည် ပြီးခဲ့သည့်လ ၂၇ ရက်နေ့ ညနေ ၃ နာရီအ ချိန်ခန့်က ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ အဆိုပါယာဉ်သည် မောင်းနင်း ထွက်ပြေးသဖြင့် ရဲဝန်ထမ်းမှ ကားတံခါးအား တွယ်ကပ်လိုက် သွားရာတွင် ကားပေါ်မှပြုတ်ကျကာ ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာဖြင့် သေ ဆုံးခဲ့ ကြောင်း ကလေးမြို့၊ ပင်လုံ ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောကြားသည်။
“ ရပ်ခိုင်းတဲ့ကားက ယာဘက်တံခါးဖွင့်ပြီး မေးမြန်နေတဲ့အခိုက် အတင်းမောင်းနင်း ထွက်ပြေးသွား တာပါ။ ကား လည်း ထွက်ပြေးရော ရဲဝန်ထမ်းက ကားတံခါးနဲ့အတူ ရုပ်ရှင်ထဲကလို လိုက်ပါ သွားပြီး ပြုတ်ကျလို့ ဒဏ်ရာ ရသွား တာပါ။ အဲ့ဒီဒဏ်ရာကိုအချိန်မီဆေးရုံတက်ဖို့အသွားသေဆုံးသွား ရတာဖြစ်ပါတယ်” ဟု ၎င်း ဒေသခံက ဆက်လက်၍ ပြောပြသည်။အဆိုပါ ရဲဝန်ထမ်းတစ်ဦး ကားပေါ်မှပြုတ်ကျသေဆုံးခဲ့မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာသို့ ဆက် သွယ်မေးမြန်း ခဲ့ရာ တာဝန်ရှိသူ တစ်ဦးက “ အောင်မင်္ဂလာ ရပ်ကွက်နေ ဦးမောင်မောင်လွင်ဦး ဆိုသူက လမ်းဆုံမှာ ရှိနေတဲ့ ယာဉ် စည်းကမ်းကြီးကြပ် ထိန်းသိမ်းရေးအဖွဲ့ ထံကို ဆာဖ်အမျိုးအစား ယာဉ်အမှတ် (၆ခ/ ၅၇ ....)နဲ့ပတ်သက်ပြီး အကူအ ညီပေးပါရန် လာရောက်တောင်းခံတာ ရှိပါတယ်။ ပြည်သူကို ကူညီပေးရမယ့် တာဝန်ရှိတာကြောင့် ရဲဒုတပ်ကြပ် မင်းနိုင် ဆိုသူက သတင်းအရ ကားကိုရပ်တန့် စစ်ဆေးရင်း အခုလိုဖြစ်သွားရတာပါ” ဟု ၎င်း တာဝန်ရှိသူတစ်ဦးက ယင်းကဲသို့ တုန့်ပြန်ပြောကြားသည်။
မောင်းနင်းထွက်ပြေးသွားသောကားအား သက်စွန့်၍ လိုက်လံဖမ်းဆီးသူ ရဲဒုတပ်ကြပ် မင်းနိုင်ဆိုသူသည် ကားပေါ် မှပြုတ်ကျစဉ် ယာဂျိုစောင်းဖူးယောင်ဒဏ်ရာရရှိခဲ့ပြီး သတိ လစ်နေရာမှ မန္တလေးပြည် သူ့ဆေးရုံ သို့ ဆေးဝါး ကုသမှု ခံယူနိုင်ရန် ကလေး - ကလေးဝ - ယာကြီးလမ်းအတိုင်းသွားရောက်ခဲ့ရာ မင်းကင်းမြို့ နယ် ကျော်ကျေးရွာ အရောက် (၂၉)ရက်နေ့မနက် မိနစ် ၃၀ အချိန်နာရီတွင် ရရှိဒဏ်ရာဖြင့်သေ ဆုံးသွား ခဲ့ကြောင်း သိရှိရသည်။
“ ပြည်သူကို အသက်နဲ့လဲပြီး ကူညီပေးတဲ့အတွက် ဒေသခံတွေက စိတ်မကောင်းဖြစ်ကျရတာအမှန်ပါ” ဟု ကလေးမြို့ခံ တစ်ဦးက ပြောပြသည်။
အဆိုပါ သတင်းအရ ရပ်တန့်စစ်ဆေးနေစဉ်ကာလအတွင်း မောင်းနင်ထွက်ပြေးသွားသောယာဉ်နှင့် ပတ် သက် ၍ သက်ဆိုင် ရာ၏ စစ်ဆေးပေါ်ပေါက်ချက် များအရ ယာဉ်မောင်းနင်းသူ မှာ မော်လိုက်မြို့ နယ်၊ ညောင်ပင် သာကျေး ရွာနေ (ဘ)ဦးစံထွန်း၏သား ကိုစိုးမြင့်သူ(ခ) ကိုဝင်းပြည့်စုံထွန်း အသက်(၂၈)ျနှစ် ဆို သူဖြစ်ကြောင်း၊ ၎င်း အမှုအား ကလေး ရဲစခန်း(ပ) ၄၈၇ / ၂၀၁၂ ပြစ်မှုပုဒ်မ ၃၀၂ အရ ဆောင်ရွက် လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment