09 December, 2012

၈ လေးလုံး၊ ရွှေဝါရောင်၊ နာဂစ်တို့ကဲ့သို့ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြုံတွေ့နိုင်ဟု သိရ ..


မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုများတွင် သမိုင်းဝင်မှတ်တမ်းဆိုး အများအပြားဖြစ်ပေါ်စေခဲ့သည့် စနေဂြိုလ် ပတ်လမ်းကြောင်း ဖောက်ပြန်မှုကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ထပ်မံကြုံတွေ့ မည်ဖြ စ်ကြောင်း နက္ခတ် သိပ္ပံပညာရှင် ဦးဇေယျာကို၏ ပြောပြချက်အရ သိရှိရသည်။
အဆိုပါ စနေဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ချိန် တွင် နောက်ဆုံးဖြစ်ပေါ်ခဲ့ပြီး အဆိုပါ မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင် လူဦးရေသိန်းနှင့်ချီ၍ ပျက်စီးမှု များနှင့် နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရသည်။
စနေဂြိုလ်ဖောက်ပြန်ရင် နိုင်ငံရေးအပြောင်းအလဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့အတွက် သတိပြုသင့်ပါတယ်။ ဥပမာ ၂၀၀၇ ခုနှစ်တုန်းက နိုင်ငံရေးအရှုပ်အရှင်း ဖြစ်ခဲ့ဖူးသလို ၂၀၀၈ ခုနှစ်မှာလည်း နာဂစ်မုန်တိုင်းဝင်လို့ လူတွေ သေကြေခဲ့ရတယ်။ အဲဒီတုန်းက စနေဂြိုလ်လမ်းကြောင်း ဖောက်ပြန်မှုလိုမျိုး ခုလာမယ့် ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ဖြစ်ဖို့ရှိတာကြောင့်...
“စနေဂြိုလ်ဖောက်ပြန်ရင် နိုင်ငံရေးအပြောင်းအလဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့အတွက် သတိပြုသင့်ပါတယ်။ ဥပမာ ၂၀၀၇ ခုနှစ်တုန်းက နိုင်ငံရေးအရှုပ်အရှင်း ဖြစ်ခဲ့ဖူးသလို ၂၀၀၈ ခုနှစ်မှာလည်း နာဂစ် မုန်တိုင်းဝင်လို့ လူတွေ သေကြေခဲ့ရတယ်။ အဲဒီတုန်းက စနေဂြိုလ်လမ်းကြောင်း ဖောက်ပြန်မှုလိုမျိုး ခုလာမယ့် ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ဖြစ်ဖို့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုသင့်ပါတယ်” ဟု မြန် မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ စီအီးအို ဦးဇေယျာကိုက ပြောသည်။
ယင်းကဲ့သို့ စနေဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုများသည် မြန်မာနိုင်ငံသမိုင်းတွင် လွတ်လပ်ရေး ရရှိခဲ့စဉ် ၁၉၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ရှစ်လေးလုံး အရေးအခင်း ဖြစ်ပေါ်စေခဲ့သည့် ၁၉၈၈ ခုနှစ်ဝန်း ကျင်တွင် တစ်ကြိမ်၊ ရွှေဝါရောင်အရေးအခင်း ဖြစ်ပေါ်စေခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်နှင့် နာဂစ် မုန် တိုင်း ကျရောက်ခဲ့သည့် ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စနေဂြိုဟ်ပတ်လမ်း ပြောင်းလဲမှုမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့ အတွင်းထိ ဖြစ်ပေါ်မည်ဖြစ်ပြီး အဆိုပါကာလများအတွင်း ပြည်သူများ သတိပြု နေထိုင်စေလိုကြောင်းလည်း ၎င်းကပြောပြခဲ့သည်။

Eleven Media group

No comments:

Post a Comment