ရန်ကုန်၊
အောက်တိုဘာ ၁၅
မလေးရှား နိုင်ငံမှ ကုန်ပစ္စည်း ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေကြသည့် မလေးရှား လုပ်ငန်းရှင်များနှင့် မြန်မာလုပ်ငန်း ရှင် များ အကျိုးတူ ရင်းနှီးမြှုပ်နှံမှုပြုရန် အတွက် အောက်တိုဘာလ ၁၈ ရက် တွင် ဆွေးနွေးသွားမည် ဟု Matrade ကုမ္ပဏီမှ တာဝန်ရှိသူ ကိုနေထွန်း မှပြောကြားခဲ့သည်။
“ မလေးက လုပ်ငန်းရှင်တွေက ဒီမှာ ဒီက လုပ်ငန်းရှင်တွေနဲ့ ပါတနာ လုပ်ပြီး စီးပွားရေးလုပ်ဖို့ စိတ်ဝင်စားနေတယ် ” ဟု ကိုနေထွန်းက ဆက်လက် ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲ တွင် မြန်မာနှင့် မလေးရှား စီးပွားရေးလုပ်ငန်းရှင်များ များသီးသန့်ဆွေးနွေးကြမည် ဖြစ်ပြီး စားသောက်ကုန် ၊ အိမ်သုံး လျှပ်စစ်ပစ္စည်း အစရှိသည်ဖြင့် လုပ်ငန်းအမျိုးအစားစုံ အတွက် ပါဝင် ဆွေးနွေးကြမည်ဟုလည်း ၄င်းထံမှ သိရှိရသည်။
အဆိုပါ ဆွေးနွေးပွဲကို တပ်မတော်ခန်းမတွင် ပြုလုပ်မည့် မလေးရှား အရည်အသွေး မြင့်ကုန်စည် နှင့် ဝန်ဆောင်မှု ပြပွဲ ၏ ပထမ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါပြပွဲသည် အောက်တိုဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၄ ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

No comments:
Post a Comment