အကျဉ်းထောင်မှလွတ်မြောက်သူ အကျဉ်းသားများတွင် နိင်ငံခြားသား၁ဦးပါဝင် ..
ယနေ့(စက်တင်ဘာ၁၇)ရက်တွင်
လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သော အကျဉ်းသား၅၁၄ဦး တွင်
မန္တလေးမြို့အိုးဘိုထောင်မှ ၄၆ဦး ယနေ့ည ၈နာရီ ၁၅မိနစ်ကလွတ်မြောက်လာပြီး ၄၆ဦးတွင်
၂၀၀၃ခုနှစ် ဘာသာရေးအရေးအခင်းက ဖမ်းဆီးခံခဲ့ရသော ကျောက်ဆည်၊မုံရွာ၊
ပခုက္ကူ၊ပျော်ဘွယ်မြို့များမှ သံဃာ ၂၂ပါးပါဝင်ကြောင်း 7 Day News မန္တလေးသတင်းထောက်က
သတင်းပေးပို့သည်။ Reference and Credit to -The Voice Weekly
မန္တလေး-စက်တင်ဘာ၁၇
မန္တလေးအိုးဘိုအကျဉ်းထောင်မှအကျဉ်းသားများကိုယနေ့ညပိုင်းတွင်
စတင်လွှတ်ပေးနေပြီဖြစ်ရာ လွတ်မြောက်သူ အကျဉ်းသား ၄၇ဦးတွင်
နိင်ငံခြားသား၁ဦးပါဝင်ကြောင်း မန်းသတင်းထောက်က အိုးဘိုထောင်ရှေ့မှသတင်းပေးပို့သည်။ Popular Myanmar
News Journal
အင်းစိန်ထောင်မှ ယခုလွတ်မြောက်လာသူ
နိုင်/ကျဉ်း များမှာ ဦးခေမာစာရ၊ ဦးနေ၀င်း၊ မျိုးမြတ်စိုး၊ အောင်ကိုမင်း၊
အိုက်စံ၊ ဆန်နီ(ခေါ်)စံရှား၊ကျော်ကျော်ထွန်းနှင့် အမည်မသိတစ်ဦးတို့ဖြစ်ကြပြီး
အန္ဒိယနိုင်ငံသားတစ်ဦး၊ တရုတ်နိုင်ငံသားတစ်ဦးပါဝင်ကြောင်းသိရသည်။
အင်းစိန်ထောင်မှ ယနေ့လွတ်မြောက်သူများမှာ ယင်း
ဆယ်ဦးသာဖြစ်ကြောင်းသိရသည်။
အင်းစိန်ထောင်မှ လွှတ်မည့်အကျဉ်းသားမှာလည်း
ယင်းဆယ်ဦးသာဖြစ်ပြီး နောက်ထပ်လွှတ်ရန် မရှိတော့ကြောင်းသိရသည်။ Popular Myanmar
News Journal
နိုင်ငံခြားသားများ အပါအ၀င်
အကျဉ်းသား ၅၁၄ဦးတို့အား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ
လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ရာ ယနေ့(စက်တင်ဘာလ ၁၇ရက်နေ့)ညပိုင်းတွင် မန္တလေး
အိုးဘို အကျဉ်းထောင်မှ နိုင်ငံခြားသား တစ်ဦးအပါအ၀င် အကျဉ်းသား ၄၇ဦး
လွတ်မြောက်လာကြောင်း သတင်းရရှိသည်။ ယင်းလွတ်မြောက်လာသူများထဲတွင်
ဖောက်ခွဲရေးပုဒ်မများဖြင့် ဖမ်းဆီးခံခဲ့ရသူများ၊နိုင်ငံရေး
အကျဉ်းသားများအပြင် ၂၀၀၃ခုနှစ် ကအထိန်းသိမ်းခံခဲ့ရသည့် သံဃာတော် ၂၉ ပါးလည်း
ပါဝင်ကြောင်းလည်း သိရသည်။ Eleven Media Group
Generation Wave မှ ကျန်ရှိနေသည့်
နိုင်ငံရေးအကျဉ်းသား ကိုဇင်မင်းအောင် (ခ) ကိုကင်းကြီးဟာ ဒီကနေ့ မှာ ပဲခူး
အကျဉ်းထောင်ကနေ လွတ်မြောက်လာခဲ့ပါပြီ။ ယခု သွားရောက်ကြိုဆိုသော မိသားစုဝင်များ၊ GW
မှ သူငယ်ချင်းများနှင့်အတူတူ ရန်ကုန်မြို့ကို ပြန်လာနေပါပြီ။ Generation
Wave မန္တလေး အကျဉ်းထောင်မှလွတ်မြောက်လာကြသူ များ
No comments:
Post a Comment