မြစ်ကြီးနား
မတ် ၁၅
မူးယစ်ဆေးဝါး တရာခံများကို လိုက်လံဖမ်းဆီးသော
မိုးညှင်းမှ ရဲတပ်ဖွဲ့ဝင်များကို KIAမှ အင်းအားသုံး ပြီး မတ်လ၁၂ရက်နေ့ ညနေ၄နာရီတွင်
နမ့်မချီမှော်အနီးတွင် ပြန်ပေးဆွဲခဲ့ကြောင်း သိရှိရပါသည်။ မိုးညှင်းမြို့ ရဲစခန်းမှရဲ(၇)ဦးနှင့်
မော်ဟန်ရွာရဲကင်းမှ ရဲ(၂)ဦး စုစုပေါင်းရဲတပ်ဖွဲ့ (၉)ဦး ပါဝင်သည့် အဖွဲ့ဟာ မတ်လ၁၂ရက်နေ့က
မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတဲ့တရားခံတွေကို ဖမ်းဆီးဖို့ နမ့်မချီမှော်ကို သွားရောက် ခဲ့
ပြီးအပြန်တွင် တရားခံများဖမ်းဆီးပြီးနောက် အပြန်လမ်းမှာ KIA တပ်ဖွဲ့ဝင် (၆၀)ကျော်က
လမ်းမှာဝန်းရံပိတ်ဆို့ပြီး ရဲတပ်ဖွဲ့ဝင်နဲ့မူးယစ်ဆေးဝါး တရားခံများကို ဖမ်းဆီးခေါ်ဆောင်
သွားခဲ့ပါသည်။
KIA အဖွဲ့အနေနဲ့ နိုင်ငံတော်အစိုးရ၀န်ထမ်းများကို အခုလိုမျိုးဖမ်းဆီးခြင်းဟာ
တရားဥပဒေကို မလေးမစား လုပ်ခြင်းပဲဖြစ်ပါသည်။ ရဲတပ်ဖွဲ့ဝင်များ အနေနဲ့ နိုင်ငံတော်မှာ
တရားဥပဒေ စိုးမိုးရေးကို အဓိကထားလုပ်ဆောင်နေသူများ ဖြစ်သည့်အတွက် တရားဥပဒေစိုးမိုးရေး
အကူအညီပေးသင့်ပါလျက် အခုလိုမျိုး လက်နက်ကိုင်အုပ်စုဖွဲ့ဖမ်းဆီးခြင်း ဟာ လွန်စွာအကျည်းတန်တဲ့လုပ်ရပ်လဲဖြစ်ပါကြောင်း၊
ဒီကနေ့ အချိန်အခါဟာ KIAများကို နိုင်ငံတော်မှ တူတူတန်တန် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
ကျင်းပပြီး ရွှေလက်ကမ်း နေချိန်ဖြစ်သည့်အတွက် ဒီလိုမျိုးအကျည်းတန်သည့် လုပ်ရပ်များမလုပ်သင့်ကြောင့်
ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့(PCG)မှ ဦးလမိုင်ဂွမ်ဂျာက ပြောပြခဲ့ပါသည်။
မူးယစ်ဆေးဝါးနဲ့ ဆက်စပ် နေတဲ့ တရားခံများဟာ မိမိတို့ (KIA) ကဆိုရင်လဲ တရားဥပဒေ အရအရေးယူတာ
ခံရမှာပါပဲ။ KIA တပ်ဖွဲ့ဝင်များ ပါဝင်နေလို့ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးအနိုင်ကျင့်ပြီး
တရားခံတွေကို ခေါ်ထုတ်ထား မယ်ဆိုရင် ဒါဟာ မလုပ်သင့် ကိစ္စဟု မြင်တဲ့အကြောင်း ဦးလမိုင်ဂွမ်ဂျာ
က ပြောပြခဲ့ပါသည်။
ကချင်ဒေသခံခေါင်းဆောင်ပိုင်းများ အနေနဲ့ကတော့ ကချင်ပြည်နယ်အတွင်းမှာ
ပြဿနာတစ်ခု မဟုတ်တစ်ခု ထပ်မံဖြစ်ပွားလာမှာမျိုးကို မလိုလားကြပါဘူး။ KIA အနေနဲ့ ပါးကိုက်လို့
နားကိုက်ရမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ရဲတပ်ဖွဲ့ ၀င်များကို ဖမ်းထားပြီးKIA တပ်ဖွဲ့က ဆက်ကြေးကောက်လို့
ရွာသားများ ၀ိုင်းဖမ်းပြီး ထောင်ဒဏ်(၄)နှစ်ကျခံနေရတဲ့ ဂွန်ထွယ်(ခေါ်)မာတွတ်နဲ့ အလဲအလှယ်လုပ်ဖို့
တောင်းဆိုနေ ပါသည်။ KIA၏ လုပ်ဆောင်ချက်က ဥပဒေမဲ့ဖြစ်နေပြီး သေနတ်ရှိရင် လုပ်ချင်တာလုပ်မည့်
သဘောမျိုး ဖြစ်နေပြီး ရဲတပ်ဖွဲ့ဝင်များကို ဓါးစာခံသဘောမျိုး ပြန်ပေးဆွဲသည့် သဘောမျိုးဖြစ်နေပါသည်။ ကချင်ပြည်နယ်အတွင်းမှာ KIA တပ်ဖွဲ့ဝင်တွေ ထင်ရာစိုင်းလုပ်ချင်တာ
လုပ်ချင်တာလုပ်မည် အစိုးရဖမ်းဆီး ပိုင်ခွင့်မရှိဘူးဆိုတဲ့အနေအထားဖြစ်နေပါသည်။ KIA အဖွဲ့၏လုပ်ဆောင်ချက်ကို
ဗဟိုမှမသိတာလား?? သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတာလားကို မသိရှိနိုင်သော်လည်း ၎င်းလုပ်ဆောင်ချက်ကြောင့်
ငြိမ်းချမ်းရေးကို ပျက်ပြားစေနိုင်ကြောင်း ဒေသခံများက ပြောဆိုကြပါသည်။
ရဲတပ်ဖွဲ့(၉)ဦးနဲ့ ယာဉ်မောင်းတစ်ဦး ပြန်လည်လွတ်မြောက်ဖို့အတွက်
မတ်လ၁၄ရက်နေ့ကမော်ဟန်ရွာမှဓမ္မဆရာဦးဇော်ဂျွန်းခေါင်းဆောင်တဲ့အဖွဲ့ ၀င်(၃)ဦးနဲ့ ကျောက်မှော်မှ
ဦးယိမ်းဘောင်၊ ဦးထွန်းရွှေ၊ နမ္မချီကျေးမှ ဦးဇော်ဘောက် ခေါင်းဆောင်တဲ့အဖွဲ့ဝင်(၄)ဦးတို့
ပါဝင်တဲ့အဖွဲ့ဟာ ရဲများကို ဖမ်းထားတဲ့KIA အဖွဲ့ကိုသွား ရောက်တွေ့ဆုံခဲ့ကြပါသည်။
KIAက ဗိုလ်မှူးလှဆန်းကတော့ သူတို့KIA ၁ယောက်ကိုပြန်လွှတ်ပေးမှ ရဲ ၉ ယောက်ကို ပြန်လွှတ်ပေးမယ်လို့ပြောပါသည်။
တကယ်လို့ အစိုးရဘက် က သူတို့ KIAတပ်ဖွဲ့ဝင်(တရားခံ)ကို ပြန်လွှတ် မပေးရင် ရဲ ၉ယောက်စလုံးကို
သတ်ပစ်မယ်လို့ပြော ဆိုကြောင်းသိရှိရပါသည်။
No comments:
Post a Comment