လက်ပံတောင်းကြေးနီစီမံကိန်း ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်စဉ်ကာလအတွင်း
(၁၄.၃.၂၀၁၃)နေ့တွင် ဆည်တည်းကျေးရွာသို့လည်း ရောက်ရှိခဲ့သည်။ အဆိုပါရွာသို့ ၀င်ရောက်သည့်အခါတွင်
ဟန်ဝင်းအောင်ခေါင်းဆောင်သော ရန်ကုန်လူမှုအကျိုးဆောင်ကွန် ယက်အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည်နှင့်
လုံခြုံရေး ၅ ယောက်သာ ၀င်ရောက်ခွင့်ပြုမည်ဟု ဆိုခဲ့သည်။
ဆည်တည်းကျေးရွာထဲသို့ ရောက်ရှိသည့်အခါတွင် ခင်ဗျားတို့အကုန်လုံးကို သွေးစွန်းတော့မယ်၊ အပြတ်ရှင်းတော့မယ်ဟု ခြိမ်းခြောက်ခံခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအား အနီးကပ် စောင့်ရှောက်လိုက်ပါခဲ့သူ အဆိုတော်လင်းလင်းက သူ၏ဖေ့ဘုတ်စာမျက်နှာတွင် ယခုလိုရေးသားခဲ့သည်။
"ဆည်တည်း ရွာတွင် အမေနဲ့  လုံခြုံရေး ၅ ယောက်ဘဲ ခွင့်ပြု မယ်ဟုပြောသောကြောင့် ကျွန်တော်ရယ် လုံခြုံရေးအဖွဲ့ မှ ကိုဆန်နီ၊ကိုဘန်နီ၊ကိုမောင်
အဆိုပါဟန်ဝင်းအောင်၊ဘထူးတို့သည်လက်ပံတောင်းသပိတ်စခန်းဖွင့်
ခြင်းနှင့်
ဆန္ဒပြမှုများ၏ နောက်ကွယ်ကြိုးကိုင်သူအဖြစ် လက်ရှိအချိန်တွင် နာမည်ကြီးလျက်ရှိပြီး
သပိတ်စခန်းအား မီးခိုးဗုံးများဖြင့် ဖြိုခွင်းခံရသည့်အချိန်တုန်းက ထွက်ပြေးတိမ်းရှောင်ခဲ့သူများဖြစ်သည်။
စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာထွက်မည့်နေ့တွင် လက်ပံတောင်းဒေသသို့ ပြန်လည်ရောက်ရှိလာပြီးနောက်
ကော်မရှင်၏ အစီရင်ခံစား ကန့်ကွက်ရန်၊ စီမံကိန်းရပ်တန့်ရန် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်လာစေရန်
ဦးဆောင်လှုပ်ရှားခဲ့သူများ ဖြစ်သည်။
ThanLarWaddy Times
ThanLarWaddy Times
No comments:
Post a Comment