အဘွားအိုအား ရိုက်နှက်မှုအား ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး ခုံအဖွဲ့ ဖွဲ့ကာ စစ်ဆေးမှုပြီးစီး ..
မော်ကွန်းသစ်တွင် ဖော်ပြပြီးခဲ့သော"၀န်ကြီးချုပ်ဦးသာအေး သား၏သူငယ်ချင်းဟုပြောသူကအဘွားအိုအား
ရိုက်နှက်" သတင်းပါ အမှုအား ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးရေး ခုံအဖွဲ့ဖွဲ့ကာ စစ်ဆေးပြီးစီးသွားပြီ
ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဖွဲ့ခေါင်းဆောင်အဖြစ် ဦးအောင်သင်း(အင်ဂျင်နီယာမှူးမြို့ပြ)၊
စစ်ကိုင်းတိုင်းရုံးနှင့် ဦးပီတာစိုးထွန်း (နေပြည်တော် အင်ဂျင်နီယာမှူး လျှပ်စစ်ရုံးချုပ်)၊
ဦးမောင်မောင် (ဦးစီးအရာရှိ မန္တလေးတိုင်းရုံး)တို့ ၀ါဝင်သော စုံ/ခုံအဖွဲ့သည် တရားလိုမစံပယ်နှင့်
တကွ မုံရွာ ဒုရဲအုပ်ကျော်မင်းလှိုင်တို့အား (၁၀.၃.၂၀၁၃)နေ့တွင် စုံစမ်းစစ်ဆေးပြီးနောက်
(၁၁.၃.၂၀၁၃)တွင် ရိုက်နှက်ခံရသူ အဘွားအို ဒေါ်ညွှန့်ရင်အား မုံရွာပြည်သူ့ဆေးရုံသို့ သွားရောက်
မေးမြန်း စစ်ဆေးခဲ့ကြသည်။
ယခုအခါ မုံရွာအမှတ်(၁) ရဲစခန်း စခန်းမှုနှင့် မြို့နယ်တပ်ဖွဲ့မှုးတို့မှ
အမှုအား ခိုင်မာစွာ တည်ဆောက်ပြီး တရားစွဲဆို တင်ပို့နိုင်ရေးအတွက် အနီးကပ် ကြီးကြပ်
ဆောင်ရွက်လျက်ရှိပါသည်ဟု သတင်းရရှိသည်။
တရားခံ အောင်စိုးထွန်းမှာမူ မုံရွာမြို့ရှိ အုတ်သဲကျောက် ရောင်းဝယ်ရေး
လုပ်ငန်းပိုင်ရှင် ဟွန်ဒါမောင်မောင်မှ အခင်းဖြစ်သည့်နေ့မှာပင် စခန်းသို့ အာမခံ လာရောက်ပေးသောကြောင့်
ပြင်ပတွင် နေထိုင်နေလျက်ရှိပြီး တရားရုံးတွင် တရားစွဲဆိုမှုများ မပြုလုပ်သေးကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment