မြို့တော်တွင်နေထိုင်သော
အစ္စလာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာရဟန်းတော်များကိုပင့်ဖိတ်၍ ၄င်းတို့၏ ဗလီေ ကျာင်းများကို
လိုက်လံပြသမည်ဖြစ်ကြောင်း စီစဉ်သူများတွင်ပါဝင်သူ ဦးမောင်မောင် (ရွှေကရဝိတ်) The
Voice Weekly သို့ ပြောကြားသည်။
"သက်တော်ကြီးရင့်တဲ့
ဆရာတော်ကြီးတွေကိုတော့ မပင့်တော့ဘဲ အမျိုးသားနိုင်ငံရေး နိုးကြားတက်ကြွပြီး မိ မိ တို့နဲ့
ဘာသာလူမျိုးမခွဲခြားဘဲ မိတ်ဖက် ရဟန်းတော်များကို ပင့်ဖိတ်သွားမှာပါ။ ဆရာတော်တွေကို
ဆွမ်း ဆက်ကပ် သွားဖို့လည်း ရှိပါတယ်" ဟု ၄င်းကဆက်လက်ပြောဆိုသည်။
ယင်း
အစီအစဉ်ကို မတ်လပထမ အပတ်အတွင်းပြုလုပ်ရန်စီစဉ်ထားသော် လည်း သက်ဆိုင်ရာ ဒေသ အာဏာ ပိုင်များ
ထံတွင် ခွင့်ပြုမိန့်တောင်းရန်ရှိသေးသဖြင့် ရက်အတိအကျပြောရန် ခက်သေး ကြောင်း စီစဉ်သူ
များထံမှသိရှိရသည်။
"ဗုဒ္ဓဘာသာဘက်က
ဆရာတော်တွေ သိချင်တာတွေကို ကျွန်တော်တို့ ဘာသာဘက်က တာဝန်ရှိ တဲ့သူေ တွက ပြောပြမယ်။
ဖြေကြားပေးမယ်။ ကျွန်တော် တို့ဘုရားကျောင်းဗလီတွေမှာ ဘာတွေရှိတယ်၊ မရှိဘူး ဆိုတာ ကို
ခေါ်ပြတဲ့သဘောပါ။ ပြီးတော့ ဗုဒ္ဓဘာသာဆရာတော်တွေနဲ့ ရင်းနှီးမှုယူတဲ့သဘောပါ" ဟု ဦးမောင်ေ
မာင်(ရွှေကရဝိတ်)က သုံးသပ်ပြောဆိုသည်
အဆိုပါ
ဗလီများ တည်ဆောက်ထားခြင်းသည် ထင်သာမြင်သာ မရှိသဖြင့် ၄င်းတို့အစီအစဉ်ကို ကြို ဆိုကြောင်း
မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် အရှင်ဝီရသူကThe Voice Weekly သို့ မိန့်ကြား
သည်။
လူမှုကွန်ရက
Website စာမျက်နှာများတွင် မန္တလေးမြို့၏ ဗလီတစ်ခုတွင်လက်နက်များ ဝှက်ထားသည် ဟူ၍ ရေးသားမှုများ
ရှိသောကြောင့် ယင်းသို့ စီစဉ်ရခြင်းဖြစ်ကြောင်း ယင်းစီစဉ်သူများထံမှ သိရှိရသည်။
(The Voice Weekly Vol.9/No.9 )
No comments:
Post a Comment