03 March, 2013

ပြည်သူ့ဝန်ဆောင်မှု ရုံးတွေ အကဲဖြတ်မယ်...


ကုန်သွယ်ရေး စီးဆင်းမှု လွယ်ကူ မြန်ဆန်ဖို့လို

သမ္မတရုံး ၀န်ကြီး ဦးတင်နိုင်သိန်း ခေါင်းဆောင်ပြီး “ပြည်သူ့၀န်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ်အဖွဲ့” ခေါ်တဲ့ ၁၁ ဦးပါ အဖွဲ့သစ်ကို မြန်မာအစိုးရက ဖွဲ့စည်းလိုက်ပြီး အများ ပြည်သူတွေ အဖွဲ့ကို အကြံပေးကြဖို့ ဖိတ်ခေါ်လိုက် ပါတယ်။


သွင်းကုန် ထုတ်ကုန် လုပ်ငန်း တွေလို အများပြည်သူ ထိတွေ့ ဆက်ဆံနေရတဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေမှာ စီးပွား ရေး စီးဆင်းမှုတွေ လွယ်ကူ မြန်ဆန်ဖို့ အရေးကြီးတဲ့ အတွက် ဒီလို ဖွဲ့စည်း ဆောင်ရွက်ကြောင်းအဖွဲ့၀င် ဒေါက်တာ ဇော်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်က စတင်ကွင်းဆင်း လေ့လာခဲ့ပြီး နှစ်ပတ် သုံးပတ် အချိန်ယူ လေ့လာသွားမယ် လို့လဲ ပြောပါတယ်။
တခြား ဆန်းစစ်ဖို့ လိုနေတဲ့ ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်း ဌာနတွေ ရှိနေပေမယ့် အရေးကြီးတဲ့ ကုန်သွယ် စီးပွားရေး အပိုင်းကို စတင် လေ့လာနေတာ ဖြစ်ပါတယ်။
ရလာတဲ့ အချက်အလက် အကြံပြုချက်တွေကို သုံးသပ် လေ့လာပြီး သမ္မတကို တင်ပြပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားမယ်လို့လဲ သိရပါတယ်။
BBC

No comments:

Post a Comment