05 February, 2013

၂၀၁၁ခုနှစ် ဧပြီမှ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကုန်အထိ ၀န်ထမ်း ၁၆၉၅၂ ဦးအား အရေးယူခဲ့ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဖြေကြားခဲ့ ...


Tuesday, February 05, 2013

၂၀၁၁ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၁၂ခုနှစ် ဒီဇင်ဘာလကုန်အထိ စိစစ်တွေ့ရှိချက်များအရ ၀န်ထမ်း ၁၆၉၅၂ ဦးအား အရေးယူမှုများ
ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကအမျိုးသား
လွှတ်တော်သို့ ပေးပို့ဖြေကြားခဲ့ကြောင်း ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ၏ ဖတ်ကြားတင်ပြမှုများအရ သိရသည်။
 
ပြည်ထောင်စုအစိုးရအဖွဲ့က ၀န်ထမ်းများအား အရေးယူခဲ့မှုများနှင့် ပတ်သက်၍ လွှတ်တော်သို့ ပေးပို့ခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီး ဌာနများမှ ၁-၄-၂၀၁၁ ရက်နေ့မှ ၃၁-၁၂-၂၀၁၂ ရက်နေ့ အထိ စာဖြင့်သတိပေးခြင်း ၄၃၃၃ဦး၊ နှစ်တိုးလစာ ရပ်ဆိုင်း ၈၁၆ဦး၊ ရာထူးတိုးမြှင့်ရပ်ဆိုင်းခြင်း ၁၈၅ဦး၊ လစာနှုန်းအတွင်း လစာလျော့ချ ၂၅၆၆ဦး၊ရာထူးအဆင့်လျော့ချ ၈၉၈ဦး၊ လစာမှ ပေးလျော့ ၈၀ဦး၊ တာဝန်မှ ယာယီရပ်ဆိုင်း ၁၃၄ဦး၊ ရာထူးမှထုတ်ပယ် ၁၇၃၈ဦး၊၀န်ထမ်းအဖြစ်မှ ထုတ်ပယ် ၄၉၇၃ဦး၊
ပြည်ထဲရေးဝန်ကြီးဌာနမှ ပြင်းထန်စွာရှုတ်ချ ၈၇ဦး၊ရဲအချုပ်တွင် ထောင်ဒဏ် ၃၈၀ဦး၊ရဲမှုထမ်းသက်လျော့ ၆၈၉ဦး၊မယူမနေရ အငြိမ်းစားပင်စင် ၂၀ဦး၊ပြောင်းရွှေ့ပြစ်ဒဏ် ၅၂ဦး၊ ရဲစည်းကမ်း ၁ ဦး၊စုစုပေါင်း ၁၆၉၅၂ ဦးအား စိစစ်အရေးယူခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ယင်းကဲ့သို့ အရေးယူရခြင်းမှာ မကွေးတိုင်းဒေသကြီးမှ တင်သွင်းခဲ့ သည့် ''အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများအနေဖြင့် ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျစွာ လိုက်နာ အကောင်အထည်
ဖော်ကာ ဆောင်ရွက်ရန်နှင့် ဥပဒေချိုးဖောက်ကာ လုပ်ကိုင်
ဆောင်ရွက်နေသူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ပါရန်ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း''
အဆိုအရ စိစစ်အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများနှင့် ၀န်ကြီးဌာနများမှ ၀န်ထမ်းများသည် နိုင်ငံတော်သမ္မတ ညွှန်ကြားထားသည့်အတိုင်း လိုက်နာဆောင်ရွက်မှု မရှိသေးခြင်း၊ ခေတ်ပြောင်းစနစ် ပြောင်းသော်လည်း စိတ်ဓါတ်၊ လုပ်ရပ်များ၊ လုပ်ကိုင် ဆောင်ရွက်မှုများမှာ မပြောင်းလဲကြဘဲ ယခင်အတိုင်း ဆောင်ရွက်နေမှုများ ရှိနေသေးသည်ကို စိစစ်တွေ့ရှိရကြောင်း အမျိုးသားလွှတ်တာ် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ
ကော်မတီက ဇန်န၀ါရီလ ၃၀ ရက်နေ့ အမျိုးသား လွှတ်တော်တွင်
ပြောကြားခဲ့သည်။
Eleven

No comments:

Post a Comment