09 March, 2013

ယင်းမာပင်ပြည့်သူ့ဆေးရုံကြီးမှာ နိုင်ငံတော်မှ ပေးသော ဆေးများကို ရောင်းစား နေခြင်း...


ယင်းမာပင်ပြည့်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဦးထွန်းဝင်းသည် ဒေသခံပြည်သူအတွက် နိုင်ငံတော်မှထောက်ပံ့ပေးထားသော ဆေးဝါးများကို အခကြေးငွေ များတောင်းယူလျှက်ရှိနေတယ်လို့ ယင်းမာပင်မြို့ နေပြည်သူတစ်ဦး သလ္လာဝတီတိုင်မ်း သို့ပြောကြားခဲ့ပါသည်။
 

"ဆရာဝန်ကြီး ဦးထွန်းဝင်း ကတော်တော်လေးကို ဆိုးပါတယ်။ဒေသခံပြည် သူလူထုအပေါ်မှာ စေတနာမွဲလွန်းပါတယ်။ဆေးရုံက ၀န်ထမ်းတွေအပေါ်မှာ လည်း အနိုင်ကျင့်တဲ့ပုံစံမျိုးတွေရှိတယ်။လစာလေးရတာမှတစ်ပဲခြောက်ပြား ကို လစာရတဲ့အထဲကနေပြီး(၉%)ကိုလစဉ်တိုင်း ပုံမှန်အဖြတ်ခံနေရတယ်။ ကထိန်ကြေးဆိုပြီးတော့လည်းသီးသန့်ကောက်ခံတယ်။ကောက်ခံထားတဲ့ ကထိန်ကြေးကိုတော့မသုံးဘဲ ဆေးရုံလာတက်တဲ့လူနာတွေထံကနေ အလှူခံ ထားတဲ့ငွေနဲ့ ကထိန်ခင်းတယ်။ဝန်ထမ်းတွေထံကနေပြီး ကောက်ခံ ထားတဲ့ကထိန်ကြေးငွေတွေ နဲ့ လစဉ်(၉%)ဖြတ်တောက်ထားတဲ့ငွေတွေကို
တော့ ဘယ်နည်းဘယ်ပုံနဲ့သုံးစွဲနေတယ် ဆိုတာလုံးဝမသိရပါဘူး။ငွေစာရင်း ရှင်းတမ်းလည်းလုပ်မပေးပါဘူး။ပြီးခဲ့ကထိန်ရာသီမှာလည်း ကထိန်ခင်းမယ် ဆိုပြီး ဘုန်းကြီးကျောင်းကိုလျှေက်ထားပြီးကာမှ လျှေက်ထားတဲ့ ဘုန်းကြီး ကျောင်းကို ကထိန်မခင်းဘဲ သူ့ရွာကိုပြန်ပြီး ကထိန်ခင်းတဲ့အတွက် ဆရာတော်ကြီးမှာ ကထိန်မရခဲ့ပါဘူး။ကထိန်ဆိုတာကလည်း တစ်ခုလက်ခံ ထားပြီးရင် နောက်တစ်ခုလက်ခံလို့မရတဲ့အတွက် ဆရာတော်ကြီးမှာလည်း ကထိန်သင်္ကန်းအလှူမရလိုက်ခဲ့ပါဘူး။
အခုလည်း ဆေးရုံအုတ်တံတိုင်းအတွက်ဆိုပြီး ဆေးရုံတက်လူနာတွေထံက နေငွေကြေးကောက်ခံပြီး အုတ်တံတိုင်းမလုပ်ဘဲ အရင်အဟောင်းတွေကိုပြန် ပြီးကာနေတယ်။ သားကြောဖြတ်လူနာတွေကိုလည်း တစ်ယောက် (၅၀၀၀၀ိ-/) တောင်းပြီးလုပ်ပေးနေပါတယ်။ငှက်ဖျားပြတ်ဆေး
တွေကို လည်း ငှက်ဖျားဌာနကတာဝန်ရှိသူက မကိုင်တွယ်ရဘဲ သူကိုယ် တိုင်ကိုင်တွယ်ပြီး ငွေကြေးရယူပြီးရောင်းချတယ်။
ယခင်ကလည်း ခွဲစိတ်လူနာတွေကို တစ်ယောက်(၅၀၀၀၀ိ-/)ကျပ်ပေးမှ သာခွဲစိတ်ပေးတယ်။ သူ့က တိုင်းအဆင့်လူကြီးတွေကို ပိုင်တယ်ထင်ပါတယ် ပြသနာတစ်စုံတစ်ရာပေါ်ပေါက်လာလို့ စစ်ဆေးခံရတော့မယ်ဆိုရင် မုံရွာကို အရင်ပြေးပြီး ကာပါယူထားတယ်ထင်ပါတယ်။ဘာမှကိုမဖြစ်ပါဘူး။ဒေသခံ ပြည်သူလူထုက တိုင်တန်းတဲ့စာတွေကလည်း ပုံနေလောက်ပါပြီ"ဟု ယင်းမာ ပင်ဆေးရုံကြီးအနီးတွင်နေထိုင်သူတစ်ဦးက ဆိုပါတယ်။
(13-2-2013)နေ့က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးအစည်းအဝေးခန်းမတွင်စစ်ကိုင်းတိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းကတော့နိုင်ငံတော်မှထောက်ပံ့သောဆေးဝါးများ အားကိုယ်ကျိုးအတွက် အလွဲသုံးစားမပြုလုပ်ရေးနှင့် စနစ်တကျသုံးစွဲရေး အတွက် အသိပေးရှင်းလင်းပွဲတစ်ရပ်ကိုလည်းပြုလုပ်ကျင်ပခဲ့ပါသည်။
 သလ္လာဝတီတိုင်မ်း

No comments:

Post a Comment