03 February, 2013

ဆီးဂိမ်းစ်အကြို ရန်ပုံငွေပွဲကြီးအပြီး ဝေဖန်ခံနေရတဲ့ ၀ါဆိုမိုးဦးက Sexy ပုံစံပဲကြိုက်တယ်လို့ ပြောပြီ ..


၂၀၁၃ ရောက်လာခြင်းနှင့်အတူဆီးဂိမ်းစ်ပြိုင်ပွဲကိုကြိုဆိုတဲ့ရင်ခုန်သံတွေက မြန်မာနိုင်ငံအနှံဆီ ပျံ့လွင့်ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ဆီးဂိမ်းစ် အကြိုကာလ ရန်ပုံငွေလှုပ်ရှားမှုတွေဟာလည်း ကျွန်တော့်ရဲ့ရင်ခုန်သံတွေကို တစ်စွန်းတစပိုမြန်သွားစေခဲ့တာ မဟုတ်လား။ဆီးဂိမ်းစ်အကြို ရန်ပုံငွေပွဲပြီးသွားတော့ဝေဖန်ခြင်းများစွာနဲ့ရင်ဆိုင်ခဲ့ရသူလေးတစ်ယောက်က ကျွန်တော့်မျက်ဝန်းဆီကို ဆိုက်ရောက်လို့လာခဲ့ပြန်ပါတယ်။ အဲဒီသူကတော့ တက်သစ်စမင်းသမီးလေး ၀ါဆိုမိုးဦး ပါပဲ။

ဝါဆိုမိုးဦးဟာ ဆီးဂိမ်းစ်အကြို ရန်ပုံငွေပွဲကြီးမှာ ဂျနီဖာလိုပတ်ဇ် စတိုင်လ် နဲ့ပါဝင်ဖြေဖျော်သွားခဲ့ပါတယ်။ ၀ါဆိုရဲ့ရည်ရွယ်ချက်က မြန်မာအကအပြင် အနောက်တိုင်းအကကိုလည်း ကျွမ်းကျွမ်းကျင်ကျင်ကပြတက်တယ်ဆိုတာ သူမပရိသတ်တွေသိစေချင်ခဲ့လို့ပဲဖြစ်ပါတယ်။ဒီအတွက်လည်း အ၀တ်အစားကအစ အဆင်အပြင်တွေအဆုံး တဝေမသိမ်းတူညီအောင် ၀ါဆိုမိုးဦးက ကြိုးပမ်းအားထုတ်သွားခဲ့တာပါ။ ဒါပေမယ့် အချို့ပရိသတ်တွေက ၀ါဆိုမိုးဦးရဲ့ အ၀တ်အစားရဲတင်းလွန်းမှုအပေါ် Facebook ကတဆင့်ဝေဖန်စကားတွေအဆက်မပြတ်ပြောကြားသွားခဲ့ကြ တယ်လို့ သိရပါတယ်။ သဏ္ဍာန်လုပ် သရုပ်တူစေချင်ခဲ့တဲ့ စိတ်ရှိတဲ့ ၀ါဆိုမိုးဦးကတော့ မန္တလေးသွားတုန်းက ဒီအင်္ကျီကို လေလံတင်ပါလို့ပရိသတ်တွေ တောင်းဆိုတဲ့အကြောင်း ပြန်ပြောင်းပြောပြရင်း သူမအပေါ်ဝေဖန်မှုတွေကို ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ်။ " ၀ါဆိုကတော့ လူတစ်ယောက်ရဲ့ကိုယ်ကျင့်သိက္ခာကို အ၀တ်အစားကြည့်ပြီး ဆုံးဖြတ်တာမျိုးမကြိုက်ဘူး။ ခေတ်ကလည်းတိုးတက်ပြောင်းလဲနေတယ်လေ လူတိုင်းကလည်း တိုရင်ပြီးရောဆိုပြီး အပြိုင်အဆိုင်ဝတ်နေကြတယ်လို့ မထင်မိဘူး... ငါလည်း ဒီလိုဝတ်ရင်လှမယ် ထင်တယ်ဆိုတဲ့စိတ်နဲ့ ၀တ်တယ်လို့ပဲထင်ပါတယ်။ ၀ါဆိုကိုယ်တိုင်လည်း Sexy ပုံစံလေးတွေကို ကြိုက်တယ်။ Cute ပုံစံတွေတော့ မကြိုက်ဘူး ခပ်ဟော့ဟော့ပုံစံလေးတွေ ၀တ်ရတာ ပိုသဘောကျမိတယ်။ အပြင်မှာလည်း အဲဒီလိုဝတ်ဖြစ်တာများတယ်။Sexy ရယ်လို့ ရည်ရွယ်ပြီး ၀တ်တာ မဟုတ်ပါဘူး  " ဆိုတာက အ၀တ်အစားဝတ်ဆင်မှုနဲ့ပတ်သက်လို့ ၀ါဆိုမိုးဦးရဲ့ ခံယူချက်ကိုလည်းပြောပြသွားခဲ့ပါတယ်။ လောကမှာ လူတိုင်းဟာ ကိုယ့်ယုံကြည်ချက်ကို အမှန်တရားလို့စွဲထင်ပြီး တိုက်ပွဲဝင်နေကြသူတွေ ချည်းပါပဲ။ ၀ါဆိုမိုးဦးရဲ့ခံယူချက်ဟာလည်း သူမရဲ့အမှန်တရားတစ်ခုဖြစ်နေလေမှာပဲ မဟုတ်ပါပေလော။

Friday Journal(Malaysia)

No comments:

Post a Comment