ကျောင်းသားများ ပညာသင်ယူခွင့်အပေါ်
အဟန့်အတားဖြစ်စေမည့် ငွေကြေးကောက်ခံခြင်း ၊ကျူရှင်သင်ကြားခြင်းတို့ကိုဆောင်ရွက်နေမြဲဆိုပါက
ရာထူးတိုးမြှင့်ခံ၇မည့် အပိုင်းတွင် ထိုဝန်ထမ်းများကိုနောက်ချန်ထားခဲ့မည်ဟု ပညာရေးဝန်ကြီးဌာန
ဒုတိယ ၀န်ကြီးကပြောကြားခဲ့သည်။
"အခုဆိုရင် ရာထူးအဆင့်အတန်းတွေလည်း တိုးမြှင့်ပေးနေတယ်။ ရှေ့ဆက်ပြီးတက်လမ်းတွေလည်းရှိနေပါလျှက်နဲ့ ဆက်လုပ်နေဦးမယ်ဆိုရင် ညင်ညင်သာသာနဲ့ လက်တွဲဖြုတ်ရပါလိမ့်မယ်။'" ဟု ဒုဝန်ကြီးက ပြောသည်။ ချမှတ်ထားသည့် စည်းကမ်းပိုင်းများအပေါ် လိုက်နာမှုရှိမရှိ ယခင်ကထက် ကြပ်ကြပ်မက်မက် စစ်ဆေးကြည့်ရှုသွားမည်ဖြစ်ကာ ပညာရေးဝန်ထမ်းများအနေနဲ့ လိုက်နာကြဖို့လိုမည်ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ " အခုဆိုရင် အရာရှိနေရာ လစ်လပ်နေတာ နေရာ ၂၀၀၀ နီးပါးလောက်ရှိတယ် ..ဒီလိုပြန်တမ်းဝင် အရာရှိအဆင့် နေရာတွေကိုလည်း ၀န်ကြီးဌာနက အခုတိုးပေးနေတယ်။ ဒါက ၀န်ကြီးဌာနက လုပ်ပေးနေတာ ။ ပုံစံမပြောင်းရင်တော့ရမှာမဟုတ်ပါ"ဟုဒုဝန်ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။
ကျောင်းအကျိုးထက် ကိုယ့်အကျိုးကို အကြည့်များနေခြင်း၊ တပည့်အကျိုးထက် ဆရာက ကိုယ့်အကျိုးကိုသာ ကိုယ်ကြည့်နေခြင်းတို့အပေါ် နားလည်ခွင့်ပြုပေးသွားမည်မဟုတ်ပဲ စည်းကမ်းပိုင်းအပေါ်တိကျစွာ ကိုင်တွယ်သွားမည်ဖြစ်ကြောင်းကို ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူ အဆင့်ဆင့်တို့ကို ညွှန်ကြားထားပြီး ဖြစ်သည်ဟု သိရသည်။ တစ်နိုင်ငံလုံး၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများ၊ ခရိုင်ပညာရေးမှူးရုံးနှင့် မြို့နယ် ပညာရေးမှူးရုံးတို့တွင် တာဝန်ထမ်းဆောင်နေကြသူ အရာထမ်း ၄၂၀၊ အမှုထမ်း ၂၄၆၇ ဦး ရှိပြီး ထပ်မံတိုးချဲ့ခန့်အပ်သွားမည့် စာရင်းအရ အရာထမ်း ၂၅၃၁ ဦး၊ အမှုထမ်း ၁၁၂၂၉ ဦးအထိ တိုးတက်လာမည်ဖြစ်ရာ အလယ်တန်းကျောင်းအုပ် ၂၂၃၁ ဦး၊ မူလတန်းကျောင်းအုပ် ၃၆၁၆၈ ဦးနှင့် မူလတန်းပြ ၆၀၀၀၀ တို့ကို လုပ်သက်၊ ပညာအရည်အချင်း၊ အတက်ပညာ
တို့ကို ကြည့်ပြီး အဆင့်လိုက် ရာထူးတိုးမြှင့်သွားမည်ဟု ပညာရေးဝန်ကြီးဌာန စာရင်းအရသိရှိရသည်။
မျက်ရှင် ဂျာနယ်
No comments:
Post a Comment