မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းကို စည်ပင်သာယာရေး
ကော်မတီနှင့် ဂျပန်နိုင်ငံရှိ JICA အဖွဲ့အစည်းတို့ပူးပေါင်းဆောင်ရွက် ကြမည်ဖြစ်ပြီး
ပထမငါးနှစ်ကာလ (၂၀၁၃ မှ ၂၀၁၈ ခုနှစ်) တွင် ခန့်မှန်းတွက်ချက်မှုအရ ဒေါ်လာ ၂၂၄၅
သန်းကုန်ကျမည်ဖြစ်ကြောင်း ၎င်းစီမံကိန်းအတွက် ဂျပန်နိုင်ငံက ဒေါ်လာသန်း ၂၀၀ ကူညီမည်ဖြစ်
ပြီး ဒေါ်လာသန်း ၅၅၀ ကိုလည်း အတိုးနှုန်းများဖြင့် ချေးသွားမည် ဖြစ်ကြောင်း စီမံကိန်းတွင်
ရန်ကုန် မြို့တော်ဧရိယာအား တိုးချဲ့ခြင်း များ အပါအ၀င် တန်ဖိုးနည်းအိမ် ရာစီမံကိန်း၊
လမ်း၊ လျှပ်စစ်မီး၊ ရေနှင့် မိလ္လာစနစ်များစသည်တို့ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်မည့်စီမံချက်များ၊
စီးပွားရေးဇုန်အသစ်များဖော်ထုတ် ခြင်းများထည့်သွင်းရေးဆွဲထား ကြောင်း
သိရသည်။
ယခုပြုလုပ်မည့်စီမံကိန်းတွင် အစိုးရဌာနပိုင်မြေများနှင့် လယ် မြေများ အများဆုံးပါဝင်ပြီးမြေလွတ်မြေရိုင်းများတွင်အဓိကတိုးချဲ့သွားမည်ဖြစ် ကြောင်း ၂၀၁၂ခုနှစ်စက်တင်ဘာလအတွင်းကရန်ကုန်မြို့ပြတိုးချဲ့ရန် မြေဧက လေးသောင်းကျော်ကို စည်ပင်သို့ ခွင့်ပြုခဲ့ကြောင်း၊ သို့သော် JICA က အကြံပြုထားသည့် မြေနေရာ များနှင့် ယခုခွင့်ပြုထားသည့်မြေ နေရာတို့မှာ မတူညီသည့်အတွက် ယင်းနေရာများကို တိုးချဲ့နိုင်ရေး အတွက် ပညာရှင်များက သမ္မတ ထံသို့ဆက်လက်တင်ပြသွားမည်ဟု သိရသည်။
ဇောင်းချမ်းယခုပြုလုပ်မည့်စီမံကိန်းတွင် အစိုးရဌာနပိုင်မြေများနှင့် လယ် မြေများ အများဆုံးပါဝင်ပြီးမြေလွတ်မြေရိုင်းများတွင်အဓိကတိုးချဲ့သွားမည်ဖြစ် ကြောင်း ၂၀၁၂ခုနှစ်စက်တင်ဘာလအတွင်းကရန်ကုန်မြို့ပြတိုးချဲ့ရန် မြေဧက လေးသောင်းကျော်ကို စည်ပင်သို့ ခွင့်ပြုခဲ့ကြောင်း၊ သို့သော် JICA က အကြံပြုထားသည့် မြေနေရာ များနှင့် ယခုခွင့်ပြုထားသည့်မြေ နေရာတို့မှာ မတူညီသည့်အတွက် ယင်းနေရာများကို တိုးချဲ့နိုင်ရေး အတွက် ပညာရှင်များက သမ္မတ ထံသို့ဆက်လက်တင်ပြသွားမည်ဟု သိရသည်။
No comments:
Post a Comment