01 February, 2013

ဦးတေဇ အရေး သတင်းစာရှင်းလင်း(ရုပ်သံသတင်း) ...


မကြာသေးခင်ကမှ မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းကနေ နှုတ်ထွက်တော့မယ်လို့ ပြောဆိုခဲ့တဲ့ ကျောက်မျက်အသင်း ဥက္ကဌ ဦးတေဇကို အသင်းမှာ ဆက်လက် တာဝန်ထမ်းဆောင်ပေးဖို့
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ဦးတေဇ ကျောက်မျက်အသင်းကနေ နှုတ်ထွက်ဖို့ စာတင်ခဲ့တဲ့ အပေါ်မှာ ကျောက်မျက်အသင်း CEC အဖွဲ့တွေ အထူး အစည်းအဝေး ခေါ်ယူပြီး ရရှိခဲ့တဲ့ သဘော တူညီချက်နဲ့ပတ်သက်လို့ ဒီကနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ UMFCCI ခန်းမှမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောဆိုသွားပါတယ်။တကယ်လို့ ဦးတေဇကို ကျောက်မျက်အသင်းက နှုတ်ထွက်ခွင့် မပေးဘူးဆိုရင်တောင် ဦးတေဇအနေနဲ့
၂၀၁၄ ခုနှစ် အထိ ဥက္ကဌ နေရာမှာ ဆက်လက် တာဝန်ထမ်း ဆောင်ခွင့် ရှိတယ်လို့ ဒီသတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။ဒါ့အပြင် ဦးတေဇ နှုတ်ထွက်ဖို့ စာတင်တာဟာ ပြီးခဲ့တဲ့ အမျိုးသားလွှတ်တော်အတွင်း လွှတ်တော်အမတ်ဦးလှဆွေ အဆိုတင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်မှား အသင်းမှာ ခရိုနီလုပ်ငန်းရှင်တွေ ရှိနေလို့ မြန်မာ့ကျောက်မျက်ကဏ္ဍကို အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆိုးထားဆဲ ဖြစ်တယ်ဆိုတဲ့အဆိုနဲ့ မသက်ဆိုင်ဘူးလို့ ဆိုသွားပါတယ်။




No comments:

Post a Comment