19 February, 2013

ခြေမစွမ်းဘဲ လက်သီးစွမ်းကြသည့် မြန်မာ ဘောလုံး သမားများ ...


ပွဲစဉ်(၅)မှ ဧရာဝတီ-ရခိုင်ပွဲ ပြဿနာအတွက် စည်း/ထိန်း အရေးယူ
ကျင်းပပြီးစီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၅)၏ ပွဲတစ်ပွဲ ဖြစ်သည့် ဧရာဝတီ ယူနိုက်တက်က ရခိုင် ယူနိုက်တက်ကို အနိုင်ရခဲ့သည့် ပွဲ တွင် ဖြစ်ပွားခဲ့သည့် ကိုယ်ထိလက်ရောက်မှုများ အတွက် မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အရေးယူ မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 
ထိုပွဲတွင် နှစ်ဘက် ကစားသမားများသည် ပွဲပြီးရန် မိနစ်ပိုင်း အလိုတွင် ပြဿနာများ ဖြစ်ပွားခဲ့ပြီး နှစ်ဘက် အသင်းအုပ်ချုပ်သူများ၊ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲကျင်းပရေး တာဝန်ခံများပါ ကွင်းအတွင်း ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်။ အဆိုပါ ဖြစ်ရပ်အတွက် ကွင်းလယ်ဒိုင်က ပြိုင်ဘက်နှစ်သင်းမှ ကစားသမား (၃)ဦးကို တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့သည်။ အဆိုပါဖြစ်ရပ်များကို စည်းကမ်း ထိန်းသိမ်းရေး ကော်မတီမှ ပြန်လည် စစ်ဆေးခဲ့ပြီးနောက် ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ဧရာဝတီ ကွင်းလယ်လူ ဒိုမီနစ်အား လက်သီးဖြင့်ထိုးခဲ့သောကြောင့် တိုက်ရိုက် အနီကတ် ပြသခြင်း ခံခဲ့ရသည့် ရခိုင် ကွင်းလယ်လူ ကျော်ကျော်ထက်ကို (၂)ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေ(၄)သိန်း ချမှတ်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်ထက်သည် ပွဲစဉ်(၂) ရန်ကုန်နှင့် ပွဲတွင် ဆီဇာကို လက်သီးဖြင့် ထိုးခဲ့သောကြောင့် (၂)ပွဲပယ် ပြစ်ဒဏ် ကျခံနေရရာမှ ပြစ်ဒဏ်ပြည့် ၍ ပြန်ကစားချိန်တွင် ယခုကဲ့သို့ အလားတူ ပြစ်ဒဏ်ကို ထပ်မံ ကျူးလွန်သောကြောင့် တိုက်ရိုက် အနီကတ် ပြသခံခဲ့ရခြင်း ဖြစ်သည်။ ထို့အတူ (၂)ပွဲဆက် အနီကတ် ပြသခံရခြင်း အတွက် စည်းကမ်းထိန်းသိမ်းရေးမှ နောက်နောင် ထိုကဲ့သို့ ပြစ်ဒဏ်မျိုးကို ထပ်မံကျူးလွန်ပါက ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်းလည်း သတိပေးမှု ပြုလုပ်ခဲ့သည်။ ထိုပွဲတွင် အချင်းချင်း အပြန်အလှန် လက်သီးစွမ်း ပြခဲ့ကြသောကြောင့် ထုတ်ပယ်ခြင်း ခံခဲ့ရသည့် ဧရာဝတီ၏ မြန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်ဇော်ဦးနှင့် ရခိုင်ယူနိုက်တက်မှ မင်းကိုသူ တို့ကိုလည်း (၂)ပွဲပယ် ပြစ်ဒဏ်နှင့် ဒဏ်ငွေ (၂)သိန်းစီ အသီးသီး ကျခံစေရန် ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။

soccermyanmar

No comments:

Post a Comment