03 February, 2013

ကြေးနီထုတ်လုပ်ရေး မိုင်ဖောက်ခွဲမှုကြောင့် ဒေသခံရွာသားအချို့ ဒဏ်ရာများရရှိ...


သက်စမ်းရေ(နေပြည်တော်)
ယင်းမာပင်၊ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ယင်းမာပင်မြို့နယ် မြရိပ်ကျေးရွာအုပ်စု ရေကြည်ပင်ကျေးရွာတွင် ယခုလ (၂)ရက်နေ့ မွန်းလွဲချိန်ခန့်က ကြေးစင်တောင် ကြေးနီတူးဖော်ရေး စီမံကိန်းလုပ်ငန်းခွင်မှ မိုင်းဖောက်ခွဲမှု ကြောင့် မြေသားများတုန်ခါပြီး အုတ်ရေကန်`၌ရေချိုးနေသူ အသက်(၅၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး အုတ်ရေ ကန်ပြိုကျ၍ ဒဏ်များရရှိခဲ့ကြောင်း မြရိပ်ကျေးရွာခံတစ်ဦးက ဆက်သွယ်ပြောကြားသည်။

“ မိုင်းဖောက်ခွဲမှုတွေကြောင့် ရွာနားက သာဿနိက အဆောက်အအုံအချို့လည်း အက်ကြောင်းကြီးတွေ လိုက်ပြီး ပျက်စီးပြုနေပါပြီ..။ ဒီလို မိုင်းဖောက်ခွဲမှုတွေ ဆက်တိုက်ပြုလုပ်နေဦးမယ်ဆိုခဲ့ရင် အနီးနားက ဒေသခံရွာ သူ/သားတွေအတွက် အလွန်အန္တရာယ်များစေပါတယ်”ဟု ၎င်းက Weekly Express Times သို့ဆက်လက်၍ ပြောပြသည်။
အဆိုပါ မိုင်းဖောက်ခွဲမှုကြောင့် အနီးကျေးရွာရှိ လူတစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းနှင့်ပတ်သက်၍ သက်ဆိုရာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတစ်ဦးက “ မွန်းလွဲချိန်လောက်က မိုင်းနှစ်လုံးဖောက်ခွဲခဲ့ပါ တယ်။ အုတ်ရေကန်ပြိုကျလို့ ထိခိုက်ဒဏ်ရာရရှိတဲ့နေရာနဲ့ မီတာ ၂၀၀၀ ခန့် အကွာအဝေးမှာရှိတယ်လို့ ခန့်မှန်းရ ပါတယ်။ ဒဏ်ရာရရှိသူကတော့ ရေကြည်ပင်ကျေးရွာနေ (ဘ) ဦးအုန်းမြှို်င်၏သမီး ဒေါ်လှဌေး အသက်(၅၀)နှစ်ဆို သူဖြစ်ပါတယ်။ ရရှိဒဏ်ရာနဲ့ အခု မုံရွာဆေးရုံမှာ ဆေးကုသမှုခံယူနေပါတယ်”ဟု ၎င်းက တုန့်ပြန်ပြောကြား သည်။
“ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နဲ့ ယန်စီကုမ္မဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်လျက်ရှိနေတဲ့ ကြေးစင် တောင် စီမံကိန်းအလုပ်ဆိုဒ်ဘက်မှာဖြစ်ပွားခဲ့ရတာပါ..။ ထိခိုက်ဒဏ်ရာရရှိသူ ဒေါ်လှဌေး ဆိုသူက နေအိမ် အုတ် ရေကန်ဘေးမှာရေချိုးနေရာက မိုင်းခွဲလိုက်တာနဲ့ မြေသားတုန်ခါမှုဖြစ်ပေါ်ပြီး ရေကန်ပြိုကျရာမှ ဒဏ်ရာရှိတာပါ”ဟု မုံရွာဆေးရုံသို့ ရောက်ရှိလာသူ အဆိုပါကျေးရွာခံတစ်ဦးက ပြောဆိုသည်။
ပြိုကျပျက်စီးခဲ့သော အုတ်ရေကန်အမျိုးအစားမှာ အလျား(၄)ပေ၊အနံ(၃)ပေ၊ အမြင့်(၈)ပေ ခန့်ဖြစ်ကြောင်း၊ ၎င်း ရေကန်ပြိုကျခဲ့မှုကြောင့် ရေချိုးနေသူ ဒေါ်လှဌေးဆိုသူမှာ ယာနထင်ပေါက်ပြဲ၊ ခါးနာ၊၀ဲဒူးနှင့်လက်ကောက် ၀တ်များ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် မုံရွာအခြေစိုက် ဒေ၀ကတိ လူမှုကူညီရေးလူနာတင်ယာဉ်ဖြင့် မုံရွာဆေးရုံသို့ ပို့ဆောင်ပြီး အချိန်မီဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါကျေးရွာအနီးရှိ ရှေးဟောင်း သာသနိကအဆောက်အအုံများနှင့် လူနေအိမ်အချို့သည် ၎င်းမိုင်း ဖောက်ခွဲမှုများကြောင့် အက်ကြောင်းကြီးများလိုက်ကာ ပျက်စီနေပြီဖြစ်ကြောင်း ကျားတွင်လိုဏ်ဂူ ကျောင်းတိုက် ဆရာတော်မှ မိန့်တော်မူခဲ့ကြောင်းသိရှိရသည်။

Express Times

No comments:

Post a Comment